လူသိနည်းသေးတဲ့ ဇီးကွက်မျောက်ရဲ့ ထူးခြားချက်တွေ

//s9.kh1.co/6c/6cba082d6f943dc1f91cf72ac131a74d0ca2cf51.jpg
MPT

 ၂၆-ဇွန်-၂၀၂၄ ၉am · လွန်ခဲ့သော တစ်နှစ် က

လူသိနည်းသေးတဲ့ ဇီးကွက်မျောက်ရဲ့ ထူးခြားချက်တွေ

Night monkey လိုခေါ်တဲ့ မျောက်မျိုးစိတ်ကတော့ ဇီးကွက်မျောက်လို လူသိများတဲ့ မျောက်မျိုးစိတ် တစ်မျိုးဖြစ်ပြီး ပနားမား ၊ ကိုလံဘီယာ ၊ အီကွေဒေါ ၊ ပီရူး ၊ ဘရာဇီး ၊ ပါရာဂွေး ၊ အာဂျင်တီးနား ၊ ဘိုလီးဗီးယား နဲ့ ဗင်နီဇွဲလားတိုမှာ ကျယ်ပြန့်စွာ တွေ့ရတဲ့ မျောက်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ douroucoulis လိုလည်း လူသိများပြီး ထူးထူးခြားခြား ဇီးကွက်တွေလို ကြီးမားတဲ့ မျက်လုံးကြီးများနဲ့ ညဘက်မှာ အမဲလိုက်လေ့ ရှိတဲ့ မျောက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ဇီးကွက်မျောက်တွေဟာ New world of monkey မျောက်မျိုးစုက ဆင်းသက်လာတာဖြစ်ပြီး Aotus ရဲ့ တစ်ခုတည်းသော အဖွဲဝင် မျောက်မျိုးစိတ်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/9e/9e200395db5f40030ff3448f66af5313822e2105.jpg

ဇီးကွက်မျောက်တွေကို ကြီးမားတဲ့ အညိုရောင်မျက်လုံးကြီးများနဲ့ ဖွဲစည်းထားပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ အညိုရင့်ရောင် အမွေးရှည်တို ပါရှိကြပါတယ်။ အမထက် အထီးတွေက အကောင်အရွယ်အစား ပိုကြီးတတ်ပြီး ထူးထူးခြားခြား ကောင်းမွန်တဲ့ အနံ့ခံအာရုံကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီ ညဇီးကွက်‌မျောက်တွေဟာအများအားဖြင့် စုံတွဲလိုက် သိုမဟုတ် မိသားစုငယ်တိုဖြင့် အုပ်စုတွဲဖက် နေထိုင်လေ့ ရှိပြီး မျိုးပွားနှုန်းမြင့်တဲ့ မျောက်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ မှ မတ်လအထိမှာ ဇီးကွက်မျောက်တွေရဲ့ မွေးဖွားရာသီ ဖြစ်ပြီး ပျမ်းမျှ အသက် ၇ လ မှ ၁၁ လကြားမှာ အရွယ်ရောက်ကြပါတယ်။ သစ်ပင်ရဲ့ သစ်ကိုင်း ၊ သစ်ခေါက်‌တွေမှာ ရှင်သန်နေထိုင်ကြတဲ့ ညမျောက်တွေဟာ သစ်သီးသစ်ဥ သစ်ရွက်တွေကို အဓိက စားသုံးပြီး အင်းဆက် ၊ ပင့်ကူ နဲ့ ငှက်အချိုရဲ့ ဥသားလောင်းတွေကိုလည်း စားသုံးကြပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/e7/e7d4c935072fca2d47e0b607b417b68497fdf2ea.jpg

Night monkey တစ်ကောင်ရဲ့ ပျမ်းမျှကိုယ်အလေးချိန်မှာ ၁.၇ ပေါင် မှ ၂.၇ ပေါင် ( ၀.၇၇ မှ ၁.၂၂ ကီလိုဂရမ် ) ရှိပြီး ပျမ်းမျှဘဝသက်တမ်းကတော့ ၁၂ နှစ်ကနေ ၂၀ နှစ်ကြား ရှင်သန်နေထိုင်နိုင်ပါတယ်။ ညမျောက်တွေရဲ့ အမြင့်ဆုံး စံချိန်တင် ဘဝသက်တမ်းမှာ ၂၅ နှစ်အထိ ရှိခဲ့တာကြောင့် အတော်ကို အသက်ရှည်တဲ့ မျောက်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ညမျောက်တွေဟာ ကမ္ဘာပေါ်က မထင်မှတ်ထားစရာ ထူးထူးခြားခြား မျိုးစိတ်လေး ဖြစ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို အထူး လိုအပ်ပါတယ်။ ဒါကြောင့် ဇီးကွက်မျက်လုံးနဲ့ ညအချိန်မှာ အမဲလိုက်နေတဲ့ မျောက်လေးတွေကို တွေ့တဲ့အခါ ဖမ်းဆီးခြင်း မပြုသင့်ဘူးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/35/35ffab0dd7bf2a9a2af2aa35f2fd80c7f9195be3.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T