တစ်ခြားလိပ်တွေနှင့်မတူဘဲ ပျော့ပြောင်းတဲ့လိပ်ခွံပိုင်ဆိုင်ထားကြတဲ့အခွံပျော့လိပ်မျိုးစိတ်

//s9.kh1.co/00/002aa45dddb57330c8db95140289ec404786d383.jpg
MPT

 ၂၆-ဇွန်-၂၀၂၄ ၈am · လွန်ခဲ့သော ၂ နှစ် က

တစ်ခြားလိပ်တွေနှင့်မတူဘဲ ပျော့ပြောင်းတဲ့လိပ်ခွံပိုင်ဆိုင်ထားကြတဲ့အခွံပျော့လိပ်မျိုးစိတ်

လိပ်တွေရဲ့အခွံတွေဟာ မာကျောပြီးတော့ အရိုးတွေနှင့်ဖွဲ့စည်းထားတတ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိပ်မျိုးစိတ်မှာတော့ လိပ်ခွံဟာပျော့ပျောင်းနေပြီးတော့ အလွယ်တကူကွေးဆန့်နိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာရေထဲမှာသူတို့လှုပ်ရှားသွားလာဖို့ပိုပြီးအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဒီအကောင်တွေဟာရေကူးတော်တဲ့အကောင်တွေအဖြစ်အသိအမှတ်ပြုထားရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=356,q=100/d9/d9d3deb985a59a3ae3797bd3934465d3d8964bef.jpg

သူတို့ဟာရေချိုမှာပဲကျင်လည်ကျက်စားကြပြီးတော့ တစ်ခြားလိပ်မျိုးစိတ်တွေနှင့်ယှဥ်ရင်အတော်လေးပတ်ဝန်းကျင်ကိုလိုက်လျောညီထွေနေနိုင်ကြပါတယ်။ အထူးသဖြင့်သဲသောင်နှင့်ရွှံ့တွေရှိနေတဲ့ဒေသတွေမှာပိုပြီးကျင်လည်ကြပါတယ်။ သဲသောင်တွေမှာမြုပ်နေပြီးတော့သားကောင်ဖြစ်သူကိုစိတ်ရှည်လက်ရှည်စောင့်မျှော်တတ်ကြတဲ့မုဆိုးလေးတွေလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=394,q=100/fd/fd0bcfe73e13e18bf7b7d1d41dc1bed3037a1ba2.jpg

ဒီအခွံပျော့လိပ်လေးတွေဟာ တစ်ခြားလိပ်တွေလိုပဲ ကုန်းပေါ်မှာဥဥပြီးတော့နေရောင်ခြည်ကနေတစ်ဆင့်ဥပေါက်အောင်လုပ်ကြပါတယ်။ တစ်ခါဥရင် အလုံးသုံးဆယ်ကျော်ဥနိုင်ပြီးတော့ အကောင်ပေါက်ဘဝကနေအရွယ်ရောက်တဲ့အကောင်ဖြစ်လာတဲ့အထိ ကြီးမားတဲ့အန္တာရာယ်တွေကြုံတွေ့ကြရလေ့ရှိပါတယ်။ သဘာဝမှာတော့ အခွံပျော့လိပ်တွေဟာ အနှစ်ငါးဆယ်အထိနေထိုင်နိုင်ပြီးတော့ သက်တမ်းရှည်တဲ့လိပ်မျိုးစိတ်တွေထဲကတစ်မျိုးဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T