အမှောင်ထဲမှာ ကောင်းကောင်းမြင်နိုင်စွမ်းရှိကြတဲ့ အကောင်များ

//s9.kh1.co/d7/d71bcd20c3d867df9fe42f802839aa7e83c7a247.jpg
MPT

 ၁၉-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

အမှောင်ထဲမှာ ကောင်းကောင်းမြင်နိုင်စွမ်းရှိကြတဲ့ အကောင်များ

တိရိစ္ဆာန်တွေဟာ လူသားတွေလိုပဲ နေအလင်းရောင်ရှိမှသာအရာဝတ္ထုတွေကိုသဲသဲကွဲကွဲမြင်နိုင်ကြတာဖြစ်ပါတယ်။  တစ်ချို့တိရိစ္ဆာန်တွေဟာ အလင်းရောင်ထဲမှာမဟုတ်ဘဲ အမှောင်ထဲမှာပါကောင်းကောင်းမြင်နိုင်တဲ့အစွမ်းတွေရှိပါတယ်။ 

(၁) လင်းနို့

လင်းနို့တွေကတော့ အမှောင်ထဲမှာပဲရှင်သန်ကြတဲ့အကောင်တွေဖြစ်ပါတယ်။ သူတို့ဟာ အလင်းရောင်ရှိနေချိန်မှာလှုပ်ရှားတာမျိုးမလုပ်တာကြောင့် မျက်စိကန်းနေတယ်လို့ယူဆတတ်ကြပါတယ်။ အမှန်တော့လင်းနို့တွေဟာအသံကိုအခြေပြုပြီးအမဲလိုက်ကြပေမဲ့ အမှောင်ထဲမှာ အမြင်အာရုံကလည်းလူသားတွေထက်ကောင်းမွန်ပါတယ်။

https://s9.kh1.co/__image/w=429,h=640,q=100/2c/2ca69aac1b3922721338ab656e773a1dcd7930de.jpg

(၂) မြေခွေး

မြေခွေးတွေကတော့ ညဖက်မှာအတော်လေးအမြင်အာရုံကောင်းမွန်တယ်လို့ယူဆနိုင်တဲ့ တိရိစ္ဆာန်တွေဖြစ်ပါတယ်။ မြေခွေးအများစုဟာညဖက်မှာ နေ့ခင်းလိုပဲရှင်းရှင်းလင်းလင်းမြင်ရတဲ့အပြင် အမဲလိုက်ခြင်းကိုလည်း ဒီအမြင်အာရုံကောင်းမွန်မှုနှင့် အနံ့ခံကောင်းတာတွေအပေါ်မူတည်ပြီးလုပ်ကြလေ့ရှိပါတယ်။

(၃) ကြောင်

လူတွေနှင့်အနီးဆုံးမှာရှိတဲ့ ဒီအကောင်လေးတွေကတော့ ညဖက်အမြင်အာရုံကောင်းတဲ့အပြင် ပေါ့ပါးကြတာကြောင့်နာမည်ကြီးတဲ့အကောင်လေးတွေဖြစ်ပါတယ်။ ကြောင်တွေဟာနေ့ခင်းပိုင်းမှာထက်စာရင်ညဖက်တွေမှာ ပိုရှင်းရှင်းလင်းလင်းမြင်နိုင်ပြီးတော့ ညဖက်တွေမှာပဲအဓိကအစာရှာကြလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=563,h=609,q=100/d5/d54162dd716e3d56d5bcecc6633a5c32001bb005.jpg

(၄) မြွေ

မြွေတွေဟာလည်းညဖက်အမြင်အာရုံကောင်းတဲ့တိရိစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့ဟာပိန်းပိတ်အောင်မှောင်မဲနေရင်တောင်မှ မြင်နိုင်စွမ်းရှိကြပါတယ်။ Pit Organ လို့ခေါ်တဲ့ကိုယ်တွင်းအင်္ဂါတစ်ခုကြောင့် မြွေတွေရဲ့မျက်လုံးဟာအမှောင်ထဲမှာတောင်မှ မြင်နိုင်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ မြွေမျိုးစိတ်တွေအကုန်လုံးမြင်နိုင်ကြတာတော့မဟုတ်ပါဘူး။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T