ပင့်ကူတစ်ကောင်နှင့် တူလွန်းတဲ့ပင်လယ်အောက်ကမျိုးစိတ်တစ်မျိုး

//s9.kh1.co/2d/2d5f9f4031c196d0851014a1fc2d7268dace458e.jpg
MPT

 ၁၉-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

ပင့်ကူတစ်ကောင်နှင့် တူလွန်းတဲ့ပင်လယ်အောက်ကမျိုးစိတ်တစ်မျိုး

ကုန်းမြေပေါ်ကပင့်ကူနှင့်တူလွန်းတဲ့ပုံစံရှိတဲ့ Pycnogonida မျိုးစိတ်ထဲက အကောင်ကို ပင်လယ်ပင့်ကူလို့ခေါ်ပါတယ်။ ဒီပင်လယ်ပင့်ကူတွေဟာ အရွယ်အစားအတော်လေးကြီးတယ်လို့ဆိုနိုင်ပြီးတော့ သူ့ရဲ့ခြေလက်တွေဟာ ၂၀ လက်မအထိတောင်ရှည်နိုင်တယ်လို့ဆိုပါတယ်။ လေ့လာမှုတွေအရဆို ပင်လယ်ပင့်ကူတွေဟာ ဂဏန်းနှင့် ပင့်ကူတွေနှင့်မျိုးစိတ်အတူတူဖြစ်ရာကနေ တစ်ဖြည်းဖြည်းပြောင်းလဲလာပြီးကိုယ်ပိုင်မျိုးစိတ်တစ်ခုဖြစ်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

https://s9.kh1.co/__image/w=564,h=317,q=100/99/994ad5ac3a1d68cf9ecf04ded514e5086b1d7f56.jpg

ပင့်ကူလိုမျိုးခြေလက်တွေ ၈ ချောင်းပုံမှန်ရှိပြီးတော့ ဂဏန်းတွေလိုမျိုးမာကျောတဲ့အရိုးအဆစ်တွေရှိပါတယ်။ သူတို့ရဲခြေလက်တွေဟာ ခန္ဓာကိုယ်ရဲ့အဓိကအစိတ်အပိုင်းတွေဖြစ်ပြီးတော့ အသက်ရှုတာလိုမျိုးကိုလည်းလုပ်ဆောင်ပေးကြပါတယ်။ ဒီပင်လယ်ပင့်ကူတွေဟာ ပင်လယ်ကြမ်းပြင်က အန်နီမိုးနီစ်တွေ ပိုးကောင်တွေနှင့် မှော်တွေ ရေညှိတွေကိုစားသုံးကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=1001,q=100/4c/4c1990483353af75350e83fd8ae7bc884034e345.jpg

တစ်ခါတစ်လေမှာသူတို့ဟာ အကောင်တွေကိုတစ်ခါထဲစားသောက်တာမျိုးမလုပ်ဘဲ ကပ်ပါးကောင်လိုမျိုးကပ်တွယ်ပြီးစားကြတာလည်းရှိပါတယ်။ ပင်လယ်ပင့်ကူအမတွေဟာ အထီးတွေထက်ပိုကြီးကြပါတယ်။ သူတို့ကိုအဓိကစားသုံးတဲ့အကောင်တွေကတော့ ကြယ်ငါး ကမ်းခြေငှက်တွေနှင့် ဂဏန်းလိုမျိုးအကောင်တွေဖြစ်ပါတယ်။ ပင်လယ်ပင့်ကူတွေဟာ သဲနှင့်အရောင်တူတဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့ရန်သူတွေဆီကနေပုံးရှောင်တာမျိုးလည်းလုပ်တတ်ကြပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T