တစ်ကယ်ရှိခဲ့တဲ့ ခရမ်းရောင်ပိုလာဝက်ဝံလေးရဲ့ဘဝဇာတ်ကြောင်း

//s9.kh1.co/3e/3ef1008e46e2a511f27f43448941a77e3f985eb0.jpg
MPT

 ၁၉-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

တစ်ကယ်ရှိခဲ့တဲ့ ခရမ်းရောင်ပိုလာဝက်ဝံလေးရဲ့ဘဝဇာတ်ကြောင်း

ပိုလာဝက်ဝံတွေဟာ အဖြူရောင်အမွှေးတွေနှင့်ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့် တိရိစ္ဆာန်ချစ်သူတွေကြားမှာနာမည်ကြီးပါတယ်။ ဒါပေမဲ့ ပိုလာဝက်ဝံတစ်ကောင်ဟာ ဆေးဆိုးထားခြင်းမဟုတ်ဘဲ တစ်ကိုယ်လုံးခရမ်းရောင်ဖြစ်နေတာတစ်ကယ်ရှိခဲ့ပါတယ်။ Pelusa လို့ခေါ်တဲ့ ဒီပိုလာဝက်ဝံမလေးဟာ ဂျာမနီနိုင်ငံကဖြစ်ပြီးတော့ တစ်ကိုယ်လုံးခရမ်းရောင်ဖြစ်နေတာကြောင့်ထူးခြားတဲ့ပိုလာဝက်ဝံအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=259,h=195,q=100/0d/0d7cf65e2ccc736ceb0e7809d8d3add2b0c68eb3.jpg

ဒါပေမဲ့ Pelusa အနေနှင့် အခုလိုခရမ်းရောင်ဖြစ်နေခြင်းဟာကောင်းမွန်တဲ့အရာတော့မဟုတ်ပါဘူး။ သူမဟာ မှိုရောဂါတစ်မျိုးကိုပြင်းပြင်းထန်ထန်ခံစားရတာကြောင့် ရောဂါသက်သာဖို့ဆေးဝါးတွေသောက်ရင်းအခုလိုလုံးဝအရောင်ပြောင်းသွားခဲ့ရတာဖြစ်ပါတယ်။ အစောပိုင်းမှာတော့ တစ်ဖြေးဖြေးအရောင်ပြောင်းရာကနေနောက်ပိုင်းမှာ တစ်ကိုယ်လုံးခရမ်းရောင်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=300,h=292,q=100/a5/a5faea5a14920097fe37a8a202838d7aeffb429f.jpg

နောက်ပိုင်းမှာ Pelusa ဟာတစ်ခြားတိရိစ္ဆာန်ရုံထဲက ပိုလာဝက်ဝံနှင့်မိတ်လိုက်ပြီးတော့ ကလေးလေးတွေမွေးဖွားခဲ့ပေမဲ့ ကလေးတိုင်းဟာအရွယ်မရောက်ခင်မှာပဲသေဆုံးသွားခဲ့ပါတယ်။ Pelusa ဟာငါးကြိမ်တိတိကလေးမွေးခဲ့ပေမဲ့ တစ်ကောင်မှအသက်ရှင်သန်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူမကိုယ်တိုင်လည်းနောက်ပိုင်းမှာကင်ဆာရောဂါခံစားခဲ့ရပြီးတော့ အသက် ၃၁ နှစ်အရွယ်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T