မြည်းတစ်ကောင်နီးပါးကြီးထွားနိုင်တဲ့ Great Dane Dog များ

//s9.kh1.co/fd/fd9bcec13e1622ecd3522693f53594fca54b10e9.jpg
MPT

 ၁၈-ဇွန်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၄ လ က

မြည်းတစ်ကောင်နီးပါးကြီးထွားနိုင်တဲ့ Great Dane Dog များ

ခွေးမျိုးစိတ်တွေမှာ အရွယ်အစားအတော်လေးကြီးမားတဲ့မျိုးစိတ်တွေအများကြီးရှိပါတယ်။ တစ်ချို့မျိုးစိတ်တွေကိုသာမာန်ထက်ပိုပြီးကြီးမားအောင် မျိုးဖောက်ကြတာမျိုးရှိသလို နဂိုမျိုးစိတ်ကိုက ကြီးမားတာမျိုးလည်းရှိပါတယ်။ Great Dane လို့ခေါ်တဲ့ ဂျာမနီမျိုးရင်းဒီခွေးကြီးတွေဟာ မြည်းတစ်ကောင်နီးပါးအထိကြီးထွားနိုင်တဲ့ခွေးကြီးတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=400,h=600,q=100/36/365b15f7d265da2c695229cca78e29cc60711dad.jpg

အလုပ်လုပ်ဖို့ရည်ရွယ်ပြီးမွေးမြူကြတဲ့ဒီခွေးကြီးတွေဟာ နောက်ပိုင်းမှာတော့ အလှမွေးဖို့နှင့် အဖော်အဖြစ်ပဲမွေးမြူကြပါတော့တယ်။  Great Dane တွေဟာ အသက် ၁၀ နှစ်လောက်အထိရှင်သန်ကြတာကြောင့် အတော်လေးသက်တမ်းတိုတယ်လို့ယူဆနိုင်ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့်ချွေးထွက်သန်ကြပြီးတော့ သေချာလေးဂရုတစိုက်မွေးပေးမှကောင်းကောင်းကြီးထွားနိုင်တဲ့အကောင်တွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/5d/5d7fd8b93426c2ac4b607b3bcb14c4598e656fdb.jpg

ဒီခွေးကြီးတွေဟာ အရွယ်အစားကြီးမားပေမဲ့အတော်လေးဖော်ရွေတတ်ကြတဲ့ခွေးလေးတွေဖြစ်ပြီးတော့ အမြဲလိုလိုဟောင်နေကြပေမဲ့ရန်မလိုတတ်ကြပါဘူး။ လေ့ကျင့်ပေးဖို့လည်းလွယ်ကူပြီးတော့ လူတွေအတွက်ကောင်းမွန်တဲ့အဖော်ဖြစ်ပေမဲ့ ကလေးငယ်လေးတွေနှင့်သက်ကြီးရွယ်အိုတွေအတွက်  Great Dane ကိုထိန်းဖို့အတွက်အင်အားမလုံလောက်နိုင်ပါဘူး။ ဒီခွေးကြီးတွေဟာ ၆ ပေနီးပါးလောက်ရှိတဲ့ခွေးအိမ်တွေလိုအပ်ပြီးတော့ အစာအစားကိုလည်းသေချာဂရုစိုက်ကျွေးမွေးမှ ရောဂါကင်းဝေးကြတဲ့မျိုးစိတ်တွေဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T