Parda ဖက်ရှင်ရှိုးမှာ Human Prada ဆိုပြီးတင်စားခံခဲ့ရတဲ့ မင်းသား ဗြောင်ဝူဆော့

//s9.kh1.co/46/46a9325527185c412d1a30a15810ce5f3702875a.jpg
MPT Korea Celebrity

 ၁၇-ဇွန်-၂၀၂၄ ၄pm · လွန်ခဲ့သော ၁၅ ရက် က

Parda ဖက်ရှင်ရှိုးမှာ Human Prada ဆိုပြီးတင်စားခံခဲ့ရတဲ့ မင်းသား ဗြောင်ဝူဆော့

လက်ရှိနာမည်အကြီးဆုံးဖြစ်နေတဲ့ Lovely Runner ရဲ့မင်းသားဗြောင်ဝူဆော့ဟာ Prada ဖက်ရှင်ရှိုးပွဲတစ်ခုကိုတက်ရောက်လာခဲ့ပါတယ်။ မော်ဒယ်တစ်ယောက်အဖြစ်ကနေ မင်းသားဖြစ်လာတဲ့ ဗြောင်ဝူဆော့အနေနှင့် ခန္ဓာကိုယ်အချိုးအစားနှင့် ဖက်ရှင်ဟာ လိုက်ဖက်လွန်းပြီး ပွဲတစ်ခုလုံးကိုဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ဝူဆော့ဟာ Baggy ဖြစ်တဲ့အဝတ်အစားအပွတွေကိုပဲဝတ်လေ့ရှိတာကြောင့် မီလန်ရှိုးကသူ့ရဲ့ဖက်ရှင်ဟာ လူပြောများတဲ့ခေါင်းစဥ်တစ်ခုဖြစ်လာခဲ့တာပါ။

Prada ရဲ့ Autumn/Winter 2024 Menswear collection ထဲက နက်ပြာရောင် Set ကိုအဖြူရောင်ကော်လံ နှင့်အဖြူရောင်ခါးပတ်ထည့်ပြီးဝတ်ဆင်ထားတဲ့ဒီဝတ်စုံဟာ ချပ်ကပ်နေပြီးဝူဆော့ရဲ့ခန္ဓာကိုယ်အချိုးအစားကိုအမိုက်စားဖော်ပြပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဝူဆော့ဟာဒီပွဲမှာနာမည်ကြီးမင်းသားမင်းသမီးတွေအများကြီးနှင့်တွေ့ခဲ့ပြီး အမှတ်တရပုံတွေလည်းတင်ထားခဲ့ပါသေးတယ်။
Lovely Runner Drama ကြောင့် ဝူဆော့ဟာလုံးဝနာမည်ကြီးသွားပြီးတော့ ပရိတ်သတ်တွေ့ဆုံပွဲတွေ ဖက်ရှင်ရှိုးတွေ တစ်ခုပြီးတစ်ခုဆက်တိုက်တက်ရောက်နေရတာဖြစ်ပါတယ်။ ဆန့်ကျင်ဖက်အနေနှင့် အဓိကမင်းသမီးဖြစ်တဲ့ ဟယ်ယွန်းကတော့ ဒရာမာပြီးသွားကတည်းကနေ လုံးဝငြိမ်ချက်သားကောင်းနေတာလည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=360,h=450,q=100/ae/aebc1984e7cc0530471d86afb8cdf1f8aeb1fe7b.jpg
https://s9.kh1.co/__image/w=360,h=450,q=100/6f/6ffd40df5626dda68c2985e58b0c8f9144386c03.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T