Rose ဟာ တစ်ကိုယ်တော်အလုပ်တွေကိုလုပ်ကိုင်ဖို့အတွက် တစ်ကိုယ်တော်အေဂျင်စီတည်ထောင်မှာလား နာမည်ကြီးကုမ္မဏီတွေလက်အောက်ကိုသွားမလားဆိုပြီး ပရိတ်သတ်တွေကသိချင်နေခဲ့ကြတာပါ။ အစပိုင်းမှာတော့ တစ်ခြားအဖွဲ့ဝင်တွေလိုပဲကိုယ်ပိုင်ကုမ္မဏီတည်ထောင်မယ်လို့ထင်ခဲ့ကြပေမဲ့ ရို့စ်ဟာ The Black Label နှင့်စာချုပ်ချုပ်လိုက်ကြောင်း သတင်းတွေထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။
ကုမ္မဏီဖက်ကနေပြီး အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးနေဆဲလို့ထုတ်ပြန်ထားပါတယ်။ The Black Label ဟာ YG လက်အောက်ခံ Label ဖြစ်ပြီးတော့ BlackPink ရဲ့သီချင်းအများစုကိုထုတ်လုပ်ပေးခဲ့တဲ့ Teddy အုပ်ချုပ်နေတဲ့ကုမ္မဏီဖြစ်ပါတယ်။ Teddy ဟာ BlackPink အဖွဲ့ဝင်ငါးယောက်မြောက်ဆိုပြီးတော့တောင် မန်ဘာတွေစနောက်ကြတဲ့အထိ ရင်းနှီးပြီးတော့ အဖွဲ့ဝင်တွေကိုသိတဲ့သူဖြစ်ပါတယ်။
လက်ရှိ The Black label မှာ နာမည်ကြီးအနုပညာရှင်တွေအများကြီးရှိနေပါတယ်။ Taeyang Park Bogum Jeon Somi နှင့် Zion.T လိုမျိုး ထိပ်တန်းအနုပညာရှင်တွေပဲရှိနေပြီးတော့ ကုမ္မဏီဖက်ကလည်း လုပ်ဆောင်မှုကောင်းမွန်တယ်လို့နာမည်ကြီးနေတာပါ။ ရို့စ်အနေနှင့် ဒီကုမ္မဏီအသစ်နှင့်အတူဘယ်လိုလှုပ်ရှားမှုနှင့် အသစ်အဆန်းတွေလုပ်ဆောင်လာမလဲဆိုတာကိုတော့ စောင့်ကြည့်နေရမှာပဲဖြစ်ပါတယ်။
