မင်းသားကန်ဟွန်းဟာ The Red Seleve ဇာတ်ကားနှင့်ပရိတ်သတ်တွေကြားမှာနာမည်ကြီးလာခဲ့တဲ့မင်းသားဖြစ်ပါတယ်။ အခုချိန်ထိ အဓိကမင်းသားနေရာမရသေးပေမဲ့ ကန်ဟွန်းဟာရသစုံရှိုးအများကြီးကိုရိုက်ကူးဖူးတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Running Man ရှိုးမှာ အငှားအဖွဲ့ဝင်အဖြစ်ပါဝင်နေတာလည်းဖြစ်ပါတယ်။

ကန်ဟွန်းဟာ Radio Star အစီအစဥ်ကိုသွားတုန်းက ထယ်ယွန်းကိုသဘောကျတဲ့အကြောင်းကိုထုတ်ပြောခဲ့တာဖြစ်ပါတယ်။ သူ့အနေနှင့်ငယ်ငယ်တုန်းက Girl Generation အဖွဲ့ကိုသဘောကျလွန်းတာကြောင့် သရုပ်ဆောင်မင်းသားလုပ်ပြီးသူတို့ကိုတွေ့နိုင်ဖို့ကြိုးစားခဲ့ကြောင်းပြောခဲ့တာပါ။ ဒါ့အပြင် အဖွဲ့ထဲမှာ သူအကြိုက်ဆုံးအဖွဲ့ဝင်ဟာ ထယ်ယွန်းဖြစ်ပြီးတော့ သူ့အနေနှင့်ထယ်ယွန်းရဲ့လက်မှတ်ရှိတဲ့စီဒီတွေအများကြီးပိုင်ဆိုင်ထားကြောင်းလည်းပြောခဲ့ပါတယ်။

ထယ်ယွန်းနှင့်အခုချိန်ထိအပြင်မှာတွေ့ဖူးခြင်းမရှိသေးတာကြောင့် amazing Saturaday ရှိုးကိုသွားချင်ကြောင်းပါပြောခဲ့ပါသေးတယ်။ amazing Saturaday ရှိုးဟာ ထယ်ယွန်းပုံမှန်ပါဝင်နေတဲ့ရှိုးဖြစ်ပါတယ်။ ကန်ဟွန်းဟာ ထယ်ယွန်းအပေါ်ထားတဲ့သူ့အချစ်တွေဟာ မိးလိုမျိုးတောက်လောင်နေတာဖြစ်တယ်ဆိုပြီးပါပြောသွားခဲ့ပါသေးတယ်။