မြွေဟောက်ထက် ၈ ဆလောက်ပြင်းထန်တဲ့အဆိပ်ရှိနေတဲ့ မြွေမျိုးစိတ်

//s9.kh1.co/70/70788a9f750e0d166daaf20180cbe190513f66b9.jpg
MPT

 ၁၂-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

မြွေဟောက်ထက် ၈ ဆလောက်ပြင်းထန်တဲ့အဆိပ်ရှိနေတဲ့ မြွေမျိုးစိတ်

မြန်မာနာမည်နှင့် သံကွင်းစွပ်မြွေလို့ခေါ်ကြတဲ့ Hydrophis schistosus မြွေတွေဟာ အဆိပ်အပြင်းဆုံးလို့သတ်မှတ်နိုင်တဲ့မြွေတွေဖြစ်ပါတယ်။ မြွေမျိုးစိတ်အားလုံးထဲမှာသာမက ကုန်းမြေနှင့်ရေမြွေတွေအကုန်လုံးမှာ သံကွင်းစွပ်ရဲ့အဆိပ်ဟာအတော်လေးပြင်းထန်တယ်လို့ယူဆနိုင်ပါတယ်။ သူ့ရဲ့အဆိပ်ဟာ လူအယောက်ငါးဆယ်လောက်ကိုသေသွားစေနိုင်တဲ့ပမာဏအထိရှိပါတယ်။

https://s9.kh1.co/__image/w=564,h=768,q=100/13/1368e5a9f13fdbd92cd46090aa614562730c8777.jpg

အဆိပ် ၁.၅ မီလီဂရမ်ဟာလူတစ်ယောက်ကိုသေဖို့အထိ လုံလောက်တဲ့ပမာဏဖြစ်ပေမဲ့ သံကွင်းစွပ်မြွေတွေဟာ သူတို့ကိုက်လိုက်ရင် အဆိပ်ပမာဏ ၇ မီလီဂရမ်အထိထည့်သွင်းကိုက်တတ်ကြပါတယ်။ ဒီလိုအဆိပ်ပြင်းတဲ့ကောင်တွေဟာ အင်ဒို ပစိဖိတ်ပင်လယ်တွေမှာကျက်စားတဲ့ကောင်တွေဖြစ်ပြီးတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကအစ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာပါတွေ့နိုင်တဲ့မြွေတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/f9/f93098c55426faf7e5423010e87210d179410179.jpg

ဒီမြွေတွေဟာ ရေမြွေတွေဖြစ်တာကြောင့် ကုန်းပေါ်မှာလည်းနေနိုင်သလို ရေထဲမှာလည်း ငါးနာရီကျော်အထိငုပ်ပြီးနေထိုင်နိုင်ကြပါတယ်။ နေ့ရောညပါလှုပ်ရှားတတ်ကြတဲ့အပြင် ရေအောက် ၁၀၀မီတာလောက်အထိသွားနိုင်ကြပါတယ်။ ငါးကိုအဓိကအစားအစာအနေနှင့်စားကြတဲ့ ဒီမြွေတွေဟာ ရေမြွေကိုက်ခံရမှုငါးဆယ်ရာခိုင်နှုန်းကိုဖြစ်စေတဲ့မျိုးစိတ်လည်းဖြစ်တာကြောင့် လူတွေအနေနှင့်သေချာရှောင်ဖို့လိုအပ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T