BTS အဖွဲ့ဝင် Jin ရဲ့စစ်မှုထမ်းပြီးဆုံးခြင်း

//s9.kh1.co/9c/9cac248782419497d562f08c3f49c76eede8d395.jpg
MPT Korea Celebrity

 ၁၁-ဇွန်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ နှစ် က

BTS အဖွဲ့ဝင် Jin ရဲ့စစ်မှုထမ်းပြီးဆုံးခြင်း

မကြာခင်မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မယ့် BTS အဖွဲ့ဝင် Jin ဟာ အိုင်ဒေါတစ်ယောက်အဖြစ်ပရိတ်သတ်တွေရှေ့ကိုပြန်ရောက်လာတော့မှာဖြစ်ပါတယ်။ အဖွဲ့အတွင်းအရင်ဆုံးစစ်မှုထမ်းခဲ့တဲ့သူဟာ စစ်မှုထမ်းနေစဥ်ကာလမှာလည်း တစ်ခြားအဖွဲ့ဝင်တွေရဲ့ စစ်မှုထမ်းစတင်တဲ့ရက်တွေမှာ အမြဲတမ်းရှိနေပေးခဲ့တဲ့အကိုကြီးဖြစ်ပါတယ်။ အဖွဲ့ဝင်အကုန်လုံးဟာလည်း ဂျင်ရဲ့တာဝန်ပြီးဆုံးတဲ့နေ့မှာလာရောက်ကြိုဆိုကြမှာဖြစ်တယ်လို့ သတင်းဌာနတွေကဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=564,h=373,q=100/c0/c00442fd4c78230c3af603496d2e5bee10fb2001.jpg

Big Hit ဖက်ကနေပြီးတော့ ဂျင်ရဲ့စစ်မှုထမ်းတာဝန်ပြီးဆုံးတဲ့နေ့မှာ တရားဝင်ပွဲကျင်းပတာမျိုးလုပ်သွားမှာမဟုတ်တာကြောင့် ပရိတ်သတ်တွေအနေနှင့်မလာဖို့ပြောထားပါတယ်။ တစ်ခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ပရိတ်သတ်မှန်ရင်မလာကြဖို့ပါပြောထားပါတယ်။

https://s9.kh1.co/__image/w=563,h=849,q=100/60/60ddd3d028ad2a9371f740dde0c99266e38c70c1.jpg

သတင်းဌာနတွေရဲ့ဖော်ပြချက်အရ ဂျင်ဟာတာဝန်ကျတဲ့တပ်ကနေထွက်လာပြီးတာနှင့် အဖွဲ့ဝင်တွေနှင့်အတူ ဆိုးလ်မြို့တစ်နေရာမှာ ပွဲလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ အဖွဲ့ဝင်တွေအနေနှင့် အကုန်လုံးခွင့်ယူလာကြမှာဖြစ်တာကြောင့် ဒီပွဲကိုအဖွဲ့ဝင်တွေနှင့်ပဲသီးသန့်ကုန်ဆုံးမှာဖြစ်တယ်လို့သိရပါတယ်။ ဂျင်ဟာမကြာခင်ကျင်းပမယ့် နှစ်ပတ်လည်ပွဲမှာလည်း ပါဝင်သွားအုံးမှာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T