Party ပွဲတစ်ခုမှာအတူတွဲတွေ့ရတဲ့မင်းသားကင်ဆိုဟျွန်းနှင့် အိုင်ဒေါမင်းသမီးတစ်ဦး

//s9.kh1.co/ee/eebccf2ddbf9a781c148e24bcc3b284daf744848.jpg
MPT Korea Celebrity

 ၁၀-ဇွန်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

EDM ပွဲတစ်ခုမှာအတူတွဲတွေ့ရတဲ့မင်းသားကင်ဆိုဟျွန်းနှင့် အိုင်ဒေါမင်းသမီးတစ်ဦး

Queen of Tears ဒရာမာနှင့် ပရိတ်သတ်တွေရှေ့ကိုရောက်လာတာမကြာသေးတဲ့မင်းသား ကင်ဆိုဟျွန်းဟာ EDM ပွဲတစ်ခုမှာ အိုင်ဒေါမင်းသမီးတစ်ယောက်နှင့်အတူတွဲတွေ့ရတာဖြစ်ပါတယ်။ နီးကပ်တဲ့အနေအထားရယ် စကားပြောနေတာတွေကြောင့် နှစ်ယောက်ပါဝင်တဲ့ဗီဒီယိုဟာဆိုရှယ်မီဒီယာတွေမှာ အတော်လေးရေပန်းစားသွားခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=841,q=100/ff/ff021845995cb36532f265826f569696268ccef3.jpg

Ultra Music Festival Korea ပွဲရဲ့ပါတီဖြစ်တဲ့ဒီပွဲမှာမင်းသားကင်ဆိုဟျွန်းဟာ အိုင်ဒေါမင်းသမီးတစ်ယောက်ဖြစ်တဲ့ လင်းနာယောင်းနှင့်အတူတွေ့ရတာဖြစ်ပါတယ်။ လင်းနာယောင်းဟာအရင်ကအိုင်ဒေါအဖွဲ့ I.O.I ရဲ့မန်ဘာတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိအချိန်မှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနှင့်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ပါတီမှာရင်းနှီးပုံရတဲ့သူတို့နှစ်ယောက်ဟာစကားပြောရင်း နီးနီးကပ်ကပ်ရှိနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=562,q=100/ec/ec74ff4f42e4ea8d0090afd21604ed84e01d4863.jpg

အမှန်တော့ဒီပွဲဟာကင်ဆိုဟျွန်းနှင့်ရင်းနှီးတဲ့လုပ်ငန်းတစ်ခုကကျင်းပတာဖြစ်တာကြောင့် မင်းသားအနေနှင့်အခုလိုလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒိတ်တင်းသတင်းအဖြစ်ထွက်လာတာမျိုးမဟုတ်ဘဲ အတူတွဲတွေ့ရတာကြောင့် အံ့ဩစရာကောင်းကြောင်းသတင်းတွေပဲထွက်လာခဲ့တာဖြစ်ပါတယ်။ မင်းသားကင်ဆိုဟျွန်းဟာ Queen of Tears ဒရာမာအပြီးမှာတော့ တစ်ခြားဇာတ်လမ်းအသစ်တွေရိုက်ကူးဖို့ပြင်ဆင်နေပုံပေါ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T