စစ်မှုထမ်းဆောင်ဖို့အတွက် 2 Days 1 Night ရှိုးကနေထွက်ခွာသွားမယ့် မင်းသားနာအင်ဝူး

//s9.kh1.co/66/66bb5d8268cd479f4807b9432b06945781a5892f.jpg
MPT Korea Celebrity

 ၀၈-ဇွန်-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂ လ က

စစ်မှုထမ်းဆောင်ဖို့အတွက် 2 Days 1 Night ရှိုးကနေထွက်ခွာသွားမယ့် မင်းသားနာအင်ဝူး

မင်းသားနာအင်ဝူးဟာ နာမည်ကြီးရသစုံရှိုးဖြစ်တဲ့ 2 Days 1 Night ရှိုးမှာပုံမှန်အဖွဲ့ဝင်အဖြစ်ပါဝင်နေတာဖြစ်ပါတယ်။ ဇာတ်ရုပ်အသေးလေးတွေကိုသရုပ်ဆောင်လာရင်းနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာတဲ့နာအင်ဝူးဟာ ရှိုးမှာလည်းအစ်ကိုဖြစ်သူတွေနှင့် Chemistry မိတာကြောင့်အတော်လေးချီးကျုးခံခဲ့ရပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/48/487d64c25cbbf0cc0f123b71d33d85cdc63fad9a.jpg

Marry My Husband ဒရာမာနှင့်အတော်လေးလူသိများနာမည်ကြီးသွားပြီးတဲ့နောက်မှာလည်း ဆက်ပြီးရှိုးမှာပါဝင်နေတဲ့နာအင်ဝူးဟာစစ်မှုထမ်းဆောင်ဖို့နှင့် သရုပ်ဆောင်အလုပ်တွေကိုအာရုံစိုက်ဖို့အတွက်အခုလိုမျိုးရှိုးကနေနှုတ်ထွက်သွားတာဖြစ်ပါတယ်။ နာအင်ဝူးကိုနှုတ်ဆက်တဲ့အပိုင်းကို မကြာခင်မှာရိုက်ကူးသွားမှာဖြစ်တယ်လို့သတင်းထဲမှာဖော်ပြထားပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/7f/7fd0f3b1108cc43cbeead5ed97d190b4a7285b28.jpg

နာအင်ဝူးဟာ ၁၉၉၄ ဖွားဖြစ်တာကြောင့် တောင်ကိုးရီးယားရဲ့ဥပဒေအရဆို ဒီနှစ်ကုန်လောက်မှာစစ်မှုထမ်းရမှာဖြစ်ပါတယ်။ Marry My Husband ဒရာမာအပြီးမှာ Motel California လို့ခေါ်တဲ့ဒရာမာမှာ မင်းသမီးလီဆယ်ယောင်းနှင့်အတူပါဝင်ဖို့စဥ်းစားနေတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပေမဲ့ တိကျတဲ့သတင်းတော့မထွက်လာသေးပါဘူး။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T