သာမာန်ရှိခိုးကောင်တွေနှင့်ကွဲပြားခြားနားလွန်းတဲ့ ပန်းပွင့်ရှိခိုးကောင်

//s9.kh1.co/f2/f2cb77a08e79d8c4a332076e2939b344ad200b7a.jpg
MPT

 ၀၇-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်နှစ် က

Walking Flower Praying Mantis

ပန်းရောင်ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီးတော့ အမှတ်တမဲ့ကြည့်လိုက်ရင်ပန်းပွင့်ဖတ်လေးနှင့်တူတဲ့ဒီအကောင်လေးဟာ လမ်းလျှောက်နေတဲ့ပန်းပွင့်ရှိခိုးကောင်ဆိုပြီး နာမည်ကြီးတဲ့အကောင်ဖြစ်ပါတယ်။ သူ့ရဲ့ပန်းရောင်ခန္ဓာကိုယ်ဟာသစ်ခွပန်းနှင့်တူတာကြောင့် သစ်ခွရှိခိုးကောင်လို့လည်းခေါ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/29/29f15e020ccee9391a64d2a5a645933ee89cd59d.jpg

ဒီအကောင်လေးတွေဟာ အရှေ့တောင်အာရှရဲ့တောနက်တွေထဲမှာနေထိုင်ကြပြီးတော့ သူတို့ရဲ့လှပမှုကြောင့် ရှေးဟောင်းပညာရှင်တစ်ချို့ရဲ့စာပေတွေထဲမှာတောင်မှ ဖော်ပြခြင်းခံခဲ့ကြရပါတယ်။ ဒီအကောင်မျိုးစိတ်မှာဆိုရင် အထီးတွေဟာအမတွေထက်အကောင်သေးငယ်ပြီးတော့ မိတ်လိုက်ပြီးနောက်မှာ အမတွေရဲ့စားသုံးခြင်းကိုခံကြရလေ့ရှိပါတယ်။ ဒါ့အပြင် ပွင့်ဖတ်နှင့်တူတဲ့ခြေထောက်တွေကိုအသုံးပြုပြီးတော့ သူတို့ထက်ကြီးမားတဲ့အကောင်တွေကိုတောင်မှ အမဲလိုက်နိုင်စွမ်းရှိကြပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/02/0227ddadf05fc088f57f6aec4f924f7e40fd399c.jpg

ဒါပေမဲ့ ပန်းပွင့်ရှိခိုးကောင်တွေဟာ ယင်ကောင် လိုမျိုးအင်းဆက်အသေးလေးတွေကိုပဲစားသုံးနိုင်ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့အစာချေစနစ်ပုံစံကြောင့်ပါ။ ဒီအင်းဆက်တွေဟာအတော်လေးလှပတာကြောင့် အင်းဆက်မွေးသူတွေကြားမှာနာမည်ကြီးပြီးတော့ ဈေးနှုန်းလည်းအတော်လေးမြင့်မားတဲ့မျိုးစိတ်ဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T