ရေမြင်းတွေရဲ့သွားတွေအကြောင်း

//s9.kh1.co/79/7955cbe1b12c54c6e3831c9d8d63137b7f80023a.jpg
MPT

 ၀၇-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

ရေမြင်းတွေရဲ့သွားတွေအကြောင်း

ကြီးမားတဲ့သွားကြီးတွေရှိတဲ့ ရေမြင်းအကောင်ကြီးတွေဟာ တစ်ခြားဘယ်တိရိစ္တာန်နှင့်မှမတူတဲ့ထူးခြားတဲ့သွားတွေကိုပိုင်ဆိုင်ထားကြပါတယ်။ ရေမြင်းရဲ့သွားကြီးတွေဟာ ဧရာမအရွယ်အစားကြီးတွေဖြစ်ပြီးတော့ ၂၀ လက်မဝန်းကျင်အထိကြီးမားနိုင်ပါတယ်။ ဒီသွားတွေဟာ ရေမြင်းအသက်ရှင်နေစဥ်တစ်လျှောက်လုံးမှာဆက်တိုက်ကြီးထွားနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=450,h=600,q=100/1b/1b6bc0bbcb247af65d3adfaa668b44d71a02f472.jpg

ဒီသွားတွေဟာကြီးမားလွန်းတာကြောင့် သူတို့အနေနှင့်သွားတွေကိုအစာစားဖို့ထက် တိုက်ခိုက်ဖို့လက်နက်တစ်ခုအနေနှင့်ပဲအသုံးချကြလေ့ရှိပါတယ်။ ဒါ့အပြင်ရေမြင်းတွေဟာ သွားတွေကိုအချင်းချင်းကြိတ်လေ့ရှိတာကြောင့် သွားတွေကိုပိုပြီးချွန်ထက်တဲ့ပုံစံတွေဖြစ်ပေါ်လာစေပါတယ်။  သွားတွေဟာ အမျိုးအစားမတူညီတဲ့အပြင် အမျိုးအစားတစ်ခုချင်းစီအလိုက် အသုံးပြုပုံလည်းမတူညီကြပါဘူး။ 

https://s9.kh1.co/__image/w=375,h=499,q=100/67/67b2cdc9b32e6c6af478baa6470f59cb2f87f9c1.jpg

ရေမြင်းအများစုဟာ သွားတွေကိုနယ်မြေသတ်မှတ်တဲ့အချိန်မှာလည်း အသုံးပြုကြသလို တစ်ခြားအကောင်တွေနှင့်မိတ်ဆွေဖွဲ့ဖို့ကြိုးစားချိန်မှာလည်း သူတို့သွားတွေကိုပြပြီးမိတ်ဖွဲ့ကြလေ့ရှိတယ်လို့သိရပါတယ်။ဒီသွားတွေဟာရေမြင်းတွေအတွက် အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်သလို ဒီသွားတွေကြောင့်ပဲ ရေမြင်းတွေဟာအန္တာရာယ်တွေကြုံနေရတာလည်းဖြစ်ပါတယ်။ ထက်ပြီးတော့ ခိုင်ခံ့တဲ့ရေမြင်းရဲ့သွားတွေကို လက်နက်အနေနှင့်အသုံးချဖို့ရေမြင်းတွေကိုသတ်ဖြတ်တာမျိုးရှိတတ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T