စစ်မှုထမ်းပြန်လာပြီးနောက် ပရိတ်သတ်အယောက် တစ်ထောင်ကို Free Hug ပေးသွားမယ့် Jin

//s9.kh1.co/65/658680f72d09c68f6ef212e35fa2aba49f07bb5e.jpg
MPT Korea Celebrity

 ၀၆-ဇွန်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

စစ်မှုထမ်းပြန်လာပြီးနောက် ပရိတ်သတ်အယောက် တစ်ထောင်ကို Free Hug ပေးသွားမယ့် Jin

BTS အဖွဲ့ရဲ့အသက်အကြီးဆုံးဖြစ်တဲ့ Jin ဟာမကြာခင်မှာစစ်မှုထမ်းတာဝန်ကနေပြီးဆုံးတော့မှာဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ စစ်မှုထမ်းဆောင်နေတာဖြစ်ပြီး ဂျင်ဟာသူ့တာဝန်ပြီးဆုံးပြီးနောက်ကျင်းပမယ့် ပွဲမှာ ပရိတ်သတ်အယောက်တစ်ထောင်ကိုဖက်ပေးတဲ့အခမ်းအနားလုပ်သွားမှာဖြစ်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=964,q=100/5f/5f65c90b2ce86bc88cd6826c5e8070caf9f5c824.jpg

ဒီကြေညာမှုဟာ ဂျင်ကိုယ်တိုင်တောင်းဆိုထားတာဖြစ်ပြီး အကြာကြီးစောင့်နေခဲ့ရတဲ့ပရိတ်သတ်တွေကိုလုပ်ပေးတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ တစ်ချို့ပရိတ်သတ်တွေကတော့ဒီအစီအစဥ်ကိုဝေဖန်မှုတွေရှိခဲ့ပေမဲ့ အများစုကတော့အတော်လေးသဘောကျနေကြတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/23/23d8071d69d53d1de711e5e1b544b781cbfb32ea.jpg

ဒီပွဲဟာ 2024 FESTA ဖြစ်ပြီးတော့ အဖွဲ့ရဲ့ပွဲဦးထွက်အထိမ်းအမှတ်အခမ်းအနားဖြစ်ပါတယ်။ ပွဲကျင်းပမှုကိုအွန်လိုင်းကနေလည်းတိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပေမဲ့ Weverse Membership ဝယ်ထားတဲ့သူတွေကပဲကြည့်ခွင့်ရမှာဖြစ်ပါတယ်။ ကုမ္မဏီဖြစ်တဲ့ HYBE ကိုတော့ အခုလိုစီစဥ်မှုတွေအတွက်ဝေဖန်နေကြပြီးတော့ နှစ်နှစ်ကြာမှ ပရိတ်သတ်ရှေ့ကိုပြန်ရောက်လာမယ့်ဂျင်ကိုကြိုဆိုနေကြပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T