K Drama သမိုင်းမှာရောင်းအားအကောင်းဆုံးဖြစ်လာတဲ့ Lovely Runner ရဲ့ Drama OST Box

//s9.kh1.co/46/466452c6e2d6b77e670367be4d726ef919a6b29c.jpg
MPT Korea Celebrity

 ၀၆-ဇွန်-၂၀၂၄ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

K Drama သမိုင်းမှာရောင်းအားအကောင်းဆုံးဖြစ်လာတဲ့ Lovely Runner ရဲ့ Drama OST Box

ဒရာမာတစ်ခုမှာ နောက်ခံတေးဂီတတွေကလည်းအရေးပါတဲ့နေရာကနေပါဝင်နေပါတယ်။ အထူးသဖြင့် နာမည်ကြီးဒရာမာတွေအများစုဟာ ကောင်းမွန်တဲ့ဇာတ်ဝင်တေးတွေရှိကြပါတယ်။ မကြာသေးခင်ကထုတ်လွှင့်ပြီးသွားတဲ့ Lovely Runner ဟာလည်း သီချင်းကောင်းတွေအများကြီးထည့်သွင်းထားတဲ့ဒရာမာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=648,q=100/a6/a6e70e3b1c73829f9a9467c643e7db9f27fa5393.jpg

ဒရာမာရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ရူဆွန်းဂျယ်ရဲ့သီချင်းတွေကို မင်းသားဗြောင်ဝူဆော့ကိုယ်တိုင်သီဆိုခဲ့တဲ့အပြင် တစ်ခြားဇာတ်ဝင်တေးတွေဟာလည်းအတော်လေးနာမည်ကြီးလူကြိုက်များနေတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အဓိကသီချင်းဖြစ်တဲ့ Sudden Shower ဟာဆိုရင် နိုင်ငံတကာဂီတဇယားဖြစ်တဲ့ Billboard မှာပါ စာရင်းဝင်ချိတ်တဲ့အထိအောင်မြင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=956,q=100/fc/fca62ab38bb9e3930283af5ab8375e649cdb3200.jpg

ဒရာမာအမှတ်တရအနေနှင့်ထုတ်ဝေထားတဲ့ OST Box တွေဟာလည်း မှာယူမှုအများဆုံးဖြစ်နေပြီးတော့ အတော်လေးကိုထုတ်မလောက်ဖြစ်နေတာဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေကြောင့် Lovely Runner ရဲ့ Drama OST Box ဟာ ကေဒရာသမိုင်းမှာရောင်းအားအကောင်းဆုံးနှင့်မှာယူမှုအများဆုံး OST Box တွေဖြစ်လာပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T