မြွေအများစုဟာတစ်ခြားအကောင်တွေလိုပဲ သာမာန်မိတ်လိုက်တာမျိုးရှိပေမဲ့ Mating Ball ဖြစ်လာအောင် မိတ်လိုက်တာမျိုးလည်းတစ်ခါတစ်ရံရှိတတ်ပါတယ်။ ဒီလိုမိတ်လိုက်တဲ့အကျင့်ဟာ တစ််ခြားအကောင်တွေလုပ်လေ့လုပ်ထမရှိတဲ့အကျင့်ဖြစ်ပြီးထူးခြားတဲ့အရာဖြစ်ပါတယ်။
အရင်ဆုံးမြွေမတစ်ကောင်ဟာမိတ်လိုက်ရာသီရောက်လို့မိတ်လိုက်ချင်လာရင် သူ့ကိုယ်တွင်းကအနံ့တစ်ခုကိုထုတ်လွှင့်ပြီး ပတ်ဝန်းကျင်ကမြွေထီးတွေကိုဆွဲဆောင်မှာဖြစ်ပါတယ်။ အနံ့ရသွားတဲ့မြွေထီးတွေဟာ မြွေမဘေးကိုဝိုင်းအုံလာပြီးတော့ အကောင်တွေရှုပ်သွားပြီး ဘောလုံးတစ်လုံးလိုမျိုးမြွေဘောလုံးကြီးဖြစ်နေမှာဖြစ်ပါတယ်။ ဒါကို Mating Ball လို့ခေါ်တာဖြစ်ပါတယ်။
ဒီလိုလာတဲ့မြွေထီးတွေအများကြီးထဲကနေ တစ်ကောင်ကပဲမိတ်လိုက်ခွင့်ရသွားမှာဖြစ်ပြီးတော့ မိတ်လိုက်ခွင့်ရတဲ့အကောင်ကိုရွေးချယ်ပြီးတာနှင့်ကျန်တဲ့အကောင်တွေဟာအလိုအလျောက်ရှောင်ထွက်သွားကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမိတ်လိုက်ခြင်းဟာမျိုးနွယ်တူတဲ့မြွေတွေအချင်းချင်းပဲလုပ်လေ့ရှိကြတာဖြစ်ပြီးတော့ မျိုးနွယ်မတူတဲ့မြွေတွေဟာ အချင်းချင်းမိတ်မလိုက်နိုင်ကြပါဘူး။