မျက်နှာနှင့်ကျင်းတူးကြတယ်ဆိုတဲ့ အနက်ရောင်မိုးဖားများ

//s9.kh1.co/23/233f894a6f94f79da8e9a160ffaebc9730c5276c.jpg
MPT

 ၀၅-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ နှစ် က

မျက်နှာနှင့်ကျင်းတူးကြတယ်ဆိုတဲ့ အနက်ရောင်မိုးဖားများ

မျက်နှာထားဆိုးဆိုးနှင့်ဖားမျိုးစိတ်တစ်ခုဖြစ်တဲ့ Black Rain Frog ဟာ သူ့ရဲ့ရုပ်ဆိုးတဲ့မျက်နှာထားကြောင့်နာမည်ကြီးတဲ့ဖားမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။  အနက်ရောင်နှင့် မီးခိုးရောင်ဖျော့ရှိတဲ့ဒီဖားမျိုးစိတ်တွေဟာ အာဖရိကတောင်ဖက်ကမ်းရိုးတန်းကတောအုပ်တွေထဲမှာနေထိုင်ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။  သူတို့ရဲ့မျက်နှာထားဟာ တစ်ခြားမျိုးစိတ်တွေနှင့်မတူဘဲအတော်လေးမဲ့ရွဲ့နေတာကြောင့် ရုပ်ဆိုးတဲ့ဖားအဖြစ်နာမည်ကြီးပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/c6/c63c05fa9b3417d4c6365966fa2f6a297671793b.jpg

Angry Avocado လို့ချစ်စနိုးအခေါ်ခံရတဲ့ဒီဖားလေးတွေဟာ မျက်နှာထားဆိုးနေရတဲ့အကြောင်းရင်းရှိပါတယ်။ ဒီဖားတွေဟာ ကျင်းတူးပြီးနေထိုင်တဲ့အလေ့အကျင့်ရှိတာကြောင့် မျက်နှာနဲ့ပဲကျင်းကိုတူးကြတာဖြစ်ပါတယ်။ အာဖရိကရဲ့ပင်လယ်ရေမျက်နှာပြင် ပေ ၃၃၀ ကျော်ပေါ်မှာကျင်းတူးပြီးနေတဲ့ဒီအကောင်လေးတွေဟာ ကျင်းနက်နက်တူးလေ မျက်နှာကပိုပြီးရုပ်ဆိုးလေလေဖြစ်တယ်လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/63/6351047591817633953d8ce58a87458913cb07ce.jpg

ဒါကြောင့် အနက်ရောင်မိုးဖားတွေအတွက်တော့ ရုပ်ဆိုးနေတဲ့မျက်နှာဟာသူတို့ကြိုးစားမှုရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ သူတို့ရဲ့ကျောပြင်မှာတော့ မိုးရေစက်နှင့်တူတဲ့အဖြူရောင်အစက်လေးတွေရှိပြီးတော့ ဒီအကြောင်းကြောင့်လည်း အနက်ရောင်မိုးဖားလို့နာမည်တွင်နေတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T