အိန္ဒိယနိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့ ကီရာလာပြည်နယ်ကတောင်တန်းတွေပေါ်မှာ အပြာရောင်ပန်းပင်လယ်တွေဟာ ၁၂ နှစ်မှာတစ်ကြိမ်စီပွင့်တတ်ကြပါတယ်။ ဒီပန်းတွေဟာ နီလာကူရင်ဂျီလို့ခေါ်တဲ့ပန်းအမျိုးအစားဖြစ်ပြီးတော့ အပြာရောင်တောက်တောက်ဖြစ်တာကြောင့် ပွင့်တဲ့အချိန်မှာ တောင်ပေါ်ကိုအပြာရောင်ကော်ဇော်နှင့်ဖုံးထားသလိုမျိုးဖြစ်စေပါတယ်။

ဒီပန်းတွေဟာ ဝတ်မှုန်ကူးဖို့အတွက် ၁၂ နှစ်တောင်ကြာမြင့်တာဖြစ်ပါတယ်။ အပင်ဟာပန်းပွင့်လာပြီးနောက်မှာ ဆက်ပြီးရှင်သန်ဖို့ကိုနောက်ထပ် ၁၂နှစ်တိတိအချိန်ယူပြီးမှပြန်ပွင့်လာနိုင်တာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနှင့် နီလာကူရင်ဂျီပန်းတွေဟာ အသက်ဆက်ရှင်သန်ရမယ့်နည်းလမ်းကိုသဘာဝအလျောက်ဖန်တီးထားကြတာဖြစ်ပါတယ်။

ဒီပန်းတွေဟာ ဇူလိုင်လကနေ အောက်တိုဘာလအတွင်းမှာဖူးပွင့်လေ့ရှိပြီးတော့ ပန်းရဲ့အရောင်ကြောင့် အတော်လေးနာမည်ကြီးပါတယ်။ ပန်းပွင့်ချိန်မှာဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးကသူတွေလာရောက်ပြီးတော့ပန်းအလှကိုကြည့်ကြလေ့ရှိပါတယ်။ ဒီပန်းတွေဟာ ၂၀၁၈ တုန်းကနောက်ဆုံးပွင့်ခဲ့တာဖြစ်ပြီးတော့ ၂၀၃၀ မှာနောက်တစ်ကြိမ်ထပ်ပွင့်လာအုံးမှာဖြစ်ပါတယ်။