2009 မှာ YG Entertainment ရဲ့ ပထမဆုံးမိန်းကလေးအဖွဲ့အဖြစ် ပွဲဦးထွက်လာတဲ့ 2NE1 ဟာ ပွဲဦးထွက်သက်တမ်း ၁၅ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ပွဲဦးထွက်ကတည်းက အားကောင်းတဲ့အိုင်ဒေါတွေဖြစ်ခဲ့ပြီးတော့ ကေပေါ့အိုင်ဒေါစံနှုန်းတွေကိုအများကြီးချိုးဖျက်ခဲ့တဲ့ အဖွဲ့ဟာ ၂၀၁၆ မှာတော့ ကုမ္မဏီရဲ့အစီအစဥ်အရ Disband လုပ်ခဲ့ရပါတယ်။

2NE1 အဖွဲ့ဟာ အာရှသာမက အနောက်နိုင်ငံတွေကိုပါ ထိုးဖောက်နိုင်ခဲ့တဲ့အဖွဲ့ဖြစ်တဲ့အပြင် Hit ဖြစ်တဲ့သီချင်းတွေအများကြီးကိုလည်းပိုင်ဆိုင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဖျက်သိမ်းပြီးနောက်ပိုင်းမှာလည်း အဖွဲ့ဝင်တွေဟာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုအသီးသီးပိုင်ဆိုင်ကြပြီးတော့ အဖွဲ့လိုက်ဆုံတာလိုမျိုးလည်းလုပ်တတ်ကြပါတယ်။

မကြာသေးခင်ကဖျော်ဖြေပွဲတစ်ခုမှာလည်း အဖွဲ့ဝင်တွေအကုန်လုံးဖျော်ဖြေမှုမှာပါဝင်ခဲ့ကြပြီးတော့ ပရိတ်သတ်တွေကို Surprise ဖြစ်စေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း အဖွဲ့ဝင်တွေဟာ ၁၅ နှစ်ပြည့်အတွက်စုံပြီးတော့ ပုံတွေရိုက်ကူးခဲ့တာကြောင့် အယ်လ်ဘမ်အသစ်များထွက်လာမလားဆိုပြီး ပရိတ်သတ်တွေက ခန့်မှန်းနေကြပါတယ်။