Queen of Tears Drama ကားရိုက်သူတိုင်းကိုလက်ဆောင်ပေးခဲ့တဲ့ မင်းသားကင်ဆိုဟျွန်း

//s9.kh1.co/9b/9b32d3f243e92d57687c450b8619cd8b0a1d3ced.jpg
MPT Korea Celebrity

 ၀၁-ဇွန်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

Queen of Tears Drama ကားရိုက်သူတိုင်းကိုလက်ဆောင်ပေးခဲ့တဲ့ မင်းသားကင်ဆိုဟျွန်း

ကေဒရာမာပရိတ်သတ်တွေကြားမှာ အတော်လေးအောင်မြင်ရေပန်းစားသွားခဲ့တဲ့ Queen of Tears ဒရာမာဟာထုတ်လွှင့်ပြီးနောက်မှာတောင်မှ အပိုင်းပိုတွေပြရတဲ့အထိအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒရာမာရဲ့အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ မင်းသားကင်ဆိုဟျွန်းနှင့်ကင်ဂျီဝန်းသာမက တစ်ခြားသရုပ်ဆောင်တွေပါ အရင်ကထက်ပိုပြီးနာမည်ကြီးလာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=962,q=100/89/892fe0c5e943c13e7c9315b8380abfecb22d2e4f.jpg

ဒရာမာထဲမှာ မင်းသားရဲ့အစ်ကိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကင်ဒိုဟျွန်းကနေပြီး မင်းသားကင်ဆိုဟျွန်းနှင့်ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုဝေမျှလာခဲ့ပါတယ်။ မင်းသားဟာသူ့ကိုသာမက ရိုက်ကွင်းကသရုပ်ဆောင်တော်တော်များများကို ဈေးကြီးတဲ့ Padded Jacket တွေလက်ဆောင်ပေးခဲ့ကြောင်းပြောခဲ့ပါတယ်။ ဒီဂျက်ကတ်တွေဟာခြေမျက်စိဖုံးတဲ့အထိရှည်ပြီးတော့ အတော်လေးကောင်းမွန်တဲ့အရည်အသွေးရှိတယ်ဆိုတာကိုပါပြောခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=1061,q=100/95/95e979c73d4d7216c51fb5e14ed64fbc007fb9f4.jpg

မင်းသားကင်ဒိုဟျွန်းက သူ့ဂျက်ကတ်ဟောင်းနေပြီဖြစ်တာကြောင့် ဂျက်ကတ်ဝယ်ဖို့မင်းသားဆီမှာဆိုင်လိပ်စာမေးခဲ့တာကို အခုလိုမျိုးလက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားတစ်ယောက်ထဲကိုမဟုတ်ဘဲ ဒရာမာထဲကယုံးဒူရီမိသားစုဝင်တွေနှင့် Queen Group မိသားစုဝင်တွေအကုန်လုံးကိုပေးခဲ့တာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T