Emerald tree boa မြွေတွေ ဘယ်လောက် အန္တာရာယ်များလဲ

//s9.kh1.co/e6/e69879b6199d7425acbad97c5c536c5843378f80.jpg
MPT

 ၀၁-ဇွန်-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Emerald tree boa မြွေတွေ ဘယ်လောက် အန္တာရာယ်များလဲ

Emerald tree boa မြွေကတော့ စပါးကြီးမြွေမျိုးစိတ်ဝင် တစ်မျိုးဖြစ်ပြီး Corallus မျိုးရင်းက ဆင်းသက်လာပြီး စပါးကြီးမြွေတစ်မျိုးပဲ ဖြစ်ပါတယ်။ သိပ္ပံနာမည်မှာ Corallus caninus ဖြစ်ပြီး တောင်အမေရိက ရဲ့ မိုးသစ်တောပိုင်းမှာ တွေ့ရပြီး ကိုလံဘီယာ ၊ ဘရာဇီး ၊ ဗင်နီဇွဲလား ၊ ဆူရီနမ် နဲ့ ဂီယာနာအထိ ကျယ်ပြန့်စွာ တွေ့ရနိုင်ပါတယ်။ ထူးခြားတဲ့ အစိမ်းရောင် အရေပြားပုံ ဖွဲ့စည်းမှုနဲ့ Emerald tree boa တွေဟာ အတော်လည်း ရှည်ပြီး ကြီးတဲ့ မြွေမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အစိမ်းရောင် အရေပြားမှာ အဖြူရောင် ဒေါင်လိုက်အစင်း‌ပုံသဏ္ဍာန် ပုံဖော်ထားတဲ့ Emerald tree boa မြွေတွေဟာ ရုတ်တရက်ကြည့်လိုက်သူတွေအဖို့ အမြင်နဲ့တင် ကြက်သီးထစရာ ကောင်းလှပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/48/48d2ec2ab1a2e1a9ec45f1c94d0fdecf6b038c57.jpg

ဒါပေမယ့် ဒီမြွေတွေဟာ ချွန်ထက်တဲ့ သွားတွေသာ ရှိပြီး အဆိပ်တော့ လုံးဝ မရှိဘူးပဲ ဖြစ်ပါတယ်။ အကောင်နဲ့ မလိုက် အန္တာရာယ်မရှိတဲ့ မြွေမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Emerald tree boa တစ်ကောင်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၆ပေ ( ၁.၈ မီတာ ) ခန့်ရှိပြီး လူတစ်ရပ်နီးပါးတောင် ရှိပါတယ်။ Emerald tree boa တွေရဲ့ ထူးခြားချက်တစ်ခုကတော့ ဒီမြွေတွေဟာ အရွယ်မရောက်ခင် အကောင်ပေါက်အရွယ်မှာ လိမ္မော်ရောင် သို့မဟုတ် အုတ်နီရောင် အရေပြားဖြစ်ပြီး အသက် ၉ လမှ ၁၂ လ ( ၁ နှစ် ) မှသာ အစိမ်းရောင် အရေပြားအရောင်ကို ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/ed/ed1a032d33ec2f7921390b732f0ea1e500ce955e.jpg

အဓိကအားဖြင့် နို့တိုက်သတ္တဝါငယ်တွေကို အဓိက စားသုံးကြပြီး သေးငယ်သော ငှက် ၊ အိမ်မြှောင် ၊ ဖား ၊ ကြွက် တို့ကို စားသုံးကြပါတယ်။ ‌ဒါအပြင် Emerald tree boa တို့ဟာ အစာချေစနစ် နှေးကြတာကြောင့် မကြာခဏ စားလေ့ မရှိဘဲ ရက်ပေါင်းများစွာအထိ နေထိုင်နိုင်ပါသေးတယ်။ အစာအာဟာရ ပေါများကြွယ်ဝတဲ့ တောတွင်းထဲမှာ နှစ်ပေါင်း ၂၀ ဝန်းကျင်အထိ နေထိုင်နိုင်တဲ့ Emerald tree boa တွေဟာ တော်တော်ကို အသက်ပြင်းတဲ့ မြွေမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ သစ်ပင် ၊ သစ်ကိုင်းတွေမှာ ရစ်ပတ် ခွေပြီး ‌ငြိမ်ငြိမ်လေး နေနေတတ်တဲ့ Emerald tree boa မြွေ‌ဟာ သီးခြားနေထိုင်တတ်တာကြောင့် မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်တော့ မရှိသေးပါဘူး။ 

https://s9.kh1.co/__image/w=650,h=342,q=100/95/9581519734b163371312706c3eada388817d527e.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T