မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးသော နတ်ပွဲကြီး တောင်ပြုန်းပွဲတော်

//s9.kh1.co/3b/3b2f045771bd9dfd48b8807b814094d6770dff0e.jpg
MPT

 ၂၀-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးသော နတ်ပွဲကြီး တောင်ပြုန်းပွဲတော်

တောင်ပြုန်းပွဲတော်လို့လူသိများတဲ့ ဒီဘုရားပွဲဟာဆိုရင် မြန်မာနိုင်ငံမှာနာမည်အကြီးဆုံးနှင့်အစည်ကားဆုံးလို့ဆိုနိုင်တဲ့ နတ်ပွဲကြီးဖြစ်ပါတယ်။ ဘုရားပွဲတော်အဖြစ်စတင်ကျင်းပခဲ့ပေမဲ့ တောင်ပြုန်းမင်းနှစ်ပါးကိုပူဇော်ပသတဲ့ပွဲအနေနှင့်နာမည်ကြီးလာတဲ့ ဒီပွဲတော်ကြီးဟာ နှစ်ရက်ကြာကျင်းပတဲ့ပွဲကြီးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=618,h=324,q=100/51/51367c28583c3b553151f05b103b2f9d4464f2c4.jpg

ပွဲတော်အတွင်းမှာ တောင်ပြုန်းနတ်ညီနောင်နှစ်ပါးကိုယုံကြည်ကိုးကွယ်ပြီး လာပူဇော်ပသတဲ့သူတွေရှိသလို အပျော်အပါးအတွက်သီးသန့်လာတဲ့သူတွေလည်းရှိပါတယ်။ ပွဲရဲ့အဓိကဖြစ်တဲ့နတ်နန်းမှာဆိုရင် ခြေချလို့မရအောင်စည်းကားလေ့ရှိပြီးတော့ အလှူငွေတွေလည်းမြောက်များစွာရလေ့ရှိပါတယ်။ ဒီတောင်ပြုန်းပွဲဟာ မြန်မာလူမျိုးတွေအတွက် ရိုးရာပွဲတော်တစ်ခုလိုမျိုးဖြစ်နေတဲ့အပြင် တစ်ချို့ဒေသတွေမှာဆိုရင် မဖြစ်မနေသွားရမယ့်ပွဲတော်လိုမျိုးယုံကြည်မှုပါရှိနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e3/e3b040d7bd95af72a1d143f3bdf7780ff8866e71.jpg

တောင်ပြုန်းညီနောင်နှစ်ပါးကိုပူဇော်ပသတဲ့အပြင် ပွဲကျင်းပရာနေရာမှာ အနော်ရထာမင်းတည်ထားခဲ့တဲ့ ဆုတောင်းပြည့်ဘုရားနှင့် နောက်ပိုင်းထပ်တည်ထားတဲ့ ဆုတောင်းရဘုရားလည်းရှိတာကြောင့် ဘုရားပွဲတော်လို့လည်းဆိုနိုင်ပါတယ်။ တစ်ခြားနတ်ပွဲတွေနှင့်မတူတာကတော့ တောင်ပြုန်းပွဲတော်ဟာ အလွန်စည်ကားပြီးတော့ ပွဲတော်ရက်နှစ်ရက်မတိုင်ခင် တစ်ပတ်အလိုကတည်းကအတော်လေးစည်ကားနေတတ်တဲ့ပွဲတော်ပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/79/79a66642825f32331a7b88543fe7fa752c2bd6bf.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T