နာမည်ကြီးဒရာမာဖြစ်ပြီးတော့ Season နှစ်ခုတောင်ထုတ်လွှင့်ခဲ့တဲ့ Hospital Playlist ဟာ နာမည်ကြီးဆေးပညာလောကဒရာမာဖြစ်ပါတယ်။ ဇာတ်အတွင်းမှာပါဝင်တဲ့အဓိကသရုပ်ဆောင်ငါးယောက်ရဲ့ငယ်ဘဝပုံရိပ်တွေကိုပြန်ရိုက်ကူးထားတဲ့ ဒရာမာကတော့ လက်ရှိအချိန်မှာအချိန်အကန့်အသတ်မရှိရွှေ့ဆိုင်းခံထားရပါတယ်။

အကြောင်းကတော့ တောင်ကိုးရီးယားနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ ဆေးပညာလောကအရှုပ်အထွေးတွေကြောင့်ဖြစ်ပါတယ်။ ဆရာဝန်နှင့်ဆေးဖက်ဆိုင်ရာတွေမှာ အလုပ်တွေအလွန်အကျွံလုပ်ကိုင်ရမှုနှင့် အစိုးရရဲ့ဆေးလောကစည်းမျဥ်းတွေကို ပြုပြင်ပြောင်းလဲဖို့အခုလိုမျိုးဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဒီဆန္ဒပြုမှုဟာ မတ်လကတည်းကစတင်နေတာဖြစ်ပြီးတော့ အခုချိန်ထိမပြီးသေးတာကြောင့် ဒရာမာထုတ်လွှင့်ဖို့ကိုရပ်နားထားတာဖြစ်ပါတယ်။

ဒရာမာအတွက် နာမည်ကြီးမင်းသမီး Go Young Jong ကအဓိကပါဝင်ပြီးတော့ ဇာတ်လမ်းအကြောင်းအရာတွေကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ နဂိုကတော့ Queen of Tears ပြီးရင် ဒီကားကိုထုတ်လွှင့်မှာဖြစ်ပေမဲ့ လက်ရှိအရေးကိစ္စတွေကြောင့် လတ်တလောမှာထုတ်လွှင့်ဖို့ကို အကန့်အသတ်မရှိရပ်ဆိုင်းထားတာဖြစ်ပါတယ်။