ဝက်ခြံမပေါက်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းကောင်းများ

//s9.kh1.co/e2/e2512cb38c976773f7baa1d022de356c0c654eae.jpg
MPT Korea Celebrity

 ၂၁-မေ-၂၀၂၄ ၉am · လွန်ခဲ့သော ၂ လ က

ဝက်ခြံမပေါက်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းကောင်းများ

မျက်နှာသစ်ဖို့ဟာ မျက်နှာအသားအရေသန့်ရှင်းရေးအတွက်အရေးကြီးဆုံးဖြစ်ပါတယ်။ မိတ်ကပ်တွေလိမ်းတဲ့နေ့လိုမျိုးဆို မဖြစ်မနေမျက်နှာသစ်ပေးရပါမယ်။ လက်နှင့်မျက်နှာကိုမကြာခဏသွားထိတာမျိုးကလည်း အသားအရေပြဿနာအများစုရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/f1/f1a61f971518ffc2683ffa032f31237b50c32db8.jpg

နေလောင်ကာခရမ်ခ်လိမ်းခြင်းကလည်း အသားအရေပြဿနာတော်တော်များများကိုကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာပေါ်မှာအသုံးပြုတဲ့အလှကုန်ပစ္စည်းတွေနှင့်  မျက်နှာသုတ်ပုဝါလိုမျိုးတွေကိုလည်း သေချာသန့်ရှင်းထားဖို့လိုအပ်ပါတယ်။ မျက်နှာသုတ်ပုဝါတွေအစား တစ်ခါသုံးတစ်ရှူးတွေလိုမျိုးကိုသုံးခြင်းက မျက်နှာကိုပိုပြီးသန့်ရှင်းစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/d7/d7cb67ce0b9feaba0b8f6d01cc71650137786a9c.jpg

အိပ်ရာခင်းနှင့်ခေါင်းအုံးစွပ်တွေကလည်း မျက်နှာနှင့်တိုက်ရိုက်ထိတွေ့နေရတဲ့အရာတွေဖြစ်တာကြောင့် သန့်ရှင်းဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ခေါင်းအုံးစွပ်ကိုပုံမှန်သန့်ရှင်းရေးလုပ်ပေးပြီးလဲလှယ်ပေးသင့်ပါတယ်။ ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ခြင်းကလည်း ဝက်ခြံတွေအလွယ်တကူမထွက်လာအောင်ကူညီပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/72/723ffe549c135febef1dc14f1eaaee1d446ce231.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T