တောင်ကိုးရီးယားအနုပညာလောကဟာ လူမည်းတွေကိုခွဲခြားဆက်ဆံလေ့မရှိပေမဲ့အနုပညာအသိုင်းအဝိုင်းအတွင်းမှာ အသိအမှတ်ပြုကြတာရှားပါးပါတယ်။ အထူးသဖြင့် နိုင်ငံပိုင်းရုပ်သံလွှင့်ဌာနတွေကနေထုတ်လုပ်တဲ့ဒရာမာနှင့်အစီအစဥ်တွေမှာ လူမည်းတွေကိုပါဝင်စေတာမျိုးရှားပါးပါတယ်။

ဒါပေမဲ့ JTBC ကနေထုတ်လုပ်ထားတဲ့ Frankly Speaking ဆိုတဲ့ ဒရာမာမှာတော့ ကွန်ဂိုနွယ်ဖွားဖြစ်တဲ့လူမည်းမိန်းကလေးတစ်ယောက်ဟာပါဝင်လာခဲ့ပါတယ်။ ဇာတ်ကားအတွင်းမှာ ဖြတ်လျှောက်အဆင့်မဟုတ်ဘဲတိကျတဲ့ဇာတ်ကောင်တစ်ခုနှင့်ပါဝင်လာတာကြောင့် ပရိတ်သတ်တွေက သူ့ကိုအများကြီးအားပေးခဲ့ကြပါတယ်။ သူကတော့ Patricia ဖြစ်ပြီးတော့ အစ်ကိုဖြစ်သူ ဂျိုနာသန်နှင့်အတူ တောင်ကိုးရီးယားရသစုံရှိုးလောကမှာနာမည်ကြီးနေတဲ့သူတွေဖြစ်ပါတယ်။

မောင်နှမနှစ်ယောက်သားဟာ အခက်အခဲတွေကြားကနေပဲ တောင်ကိုးရီးယားမှာနာမည်ရလာပြီးတော့ Patricia ဟာ တစ်ခြားနာမည်ကြီးအနုပညာရှင်တွေနှင့်အတူ ရသစုံရှိုးတွေအများကြီးရိုက်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူ ဂျိုနာသန်ဟာလည်း နာမည်ကြီးအစီအစဥ်တင်ဆက်သူဖြစ်ပြီးတော့ ရှိုးတွေအများကြီးမှာပါဝင်နေတာဖြစ်ပါတယ်။
