အသေးဆုံးကျွမ်းကျင် ရေငုပ်သမားလေး American water shrew

//s9.kh1.co/60/607abdfa5b361fe487454f6d28066c2bb13fbfaa.jpg
MPT

 ၁၄-မေ-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်နှစ် က

အသေးဆုံးကျွမ်းကျင် ရေငုပ်သမားလေး American water shrew

American water shrew သို့မဟုတ် northern water shrew ကတော့ တောတွင်းနေ ကြွက်စုတ်မျိုးစိတ်တစ်မျိုး ဖြစ်ပြီး သိပ္ပံနာမည်ကတော့ Sorex palustris လို့ခေါ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း ၊ ကနေဒါ နဲ့ အလက်စကာရှိ တောင်တန်းဒေသတစ်လျှောက်မှာ ကျယ်ပြန့်စွာ တွေ့ရနိုင်ပြီး ကုန်းနေရေနေသတ္တဝါငယ်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ American water shrew အထီးတွေက အမတွေထက် အကောင်အရွယ်အစား ပိုကြီးကြပြီး ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၁၃၀ မှ ၁၇၀ မီလီမီတာ ( ၅ မှ ၆.၇ လက်မ ) ရှိကြပါတယ်။ အမြီးအရှည်မှာ ၅၇ မှ ၈၉ မီလီမီတာ ( ၂.၂ မှ ၃.၅ လက်မ ) ရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ တစ်ဝက်နီးပါးဟာ အမြီးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/3d/3de872bb9006172a306c3b3e99efdf51cae82d9e.jpg

ပျမ်းမျှကိုယ်အလေးချိန်မှာ ၈ မှ ၁၈ ဂရမ် ( ၀.၂၈ မှ ၀.၆၃ အောင်စ ) သာရှိတဲ့ American water shrew တွေဟာ ရေကူးရေငုပ်ရာမှာ ကျွမ်းကျင်ကြပါတယ်။ ကမ်းစပ် ၊ ရေစပ် တွေမှာ နေထိုင်တဲ့အပြင် ရေငုပ်ကျွမ်းကျင်တဲ့ ဒီ American water shrew တွေဟာ အသေးဆုံးနို့တိုက်သတ္တဝါရေငုပ်သမားတွေ အဖြစ်လည်း လူသိများပါသေးတယ်။ အများအားဖြင့် အနက်ရောင် သို့မဟုတ် မီးခိုးရောင် သို့မဟုတ် အညိုရောင် အမွေးတို့ ပါရှိပြီး သွား ကလည်း ထူးထူးခြားခြား လူတွေကဲ့သို့ ၃၂ ချောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ များသောအားဖြင့် မနက်ပိုင်းတွေမှာ ‌ကုန်းပေါ်တွင် နေထိုင်ပြီး ညအချိန်မှာ ရေငုပ်ကာ သားကောင်ကို ရှာဖွေကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/fa/fa0fafc56d49a26946218d6fc919e6f63940a116.jpg

American water shrew တွေဟာ သားကောင်ရှာဖို့ ရေငုပ်တဲ့အခါ သူတို့ရဲ့ မျက်လုံးတွေကို အသုံးမပြုဘဲ သူတို့ရဲ့ Whiskers တွေကို အသုံးပြုကာ သားကောင်ကို အာရုံခံ ဖမ်းကြပါတယ်။ တစ်ခါ‌သားပေါက်ရင် နှစ်ကောင် မှ ဆယ်ကောင်အထိ ပေါက်ဖွားကြတာကြောင့် မျိုးပွားနှုန်းများတဲ့ shrew မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပျမ်းမျှဘဝသက်တမ်းမှာ ၁၈ လဝန်းကျင် ရှင်သန်နိုင်ပြီး အဓိကအားဖြင့် ရေထဲက သားလောင်းပေါက် ၊ ခရု ၊ ငါးငယ် နဲ့ ကျောရိုးမဲ့ရေနေသတ္တဝါ‌ငယ်လေးတွေကို စားသုံးကြပါတယ်။ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ချစ်စရာ ကုန်းနေရေနေ နို့တိုက်သတ္တဝါလေး American water shrew လေးတွေကတော့ တောတွင်းထဲနေထိုင်ခြင်း ၊ မျိုးပွားနှုန်းများခြင်းတို့ကြောင့် အကောင်အရေအတွက် များစွာရှိပြီး မျိုးတုန်းပျောက်ကွယ်မယ့် အန္တာရာယ်တော့ မရှိသေးဘူးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/b2/b2de252814cb90bff4dacfe02561b2c81486dbb2.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T