တရုတ်နိုင်ငံရဲ့ မြို့တစ်မြို့စာသာရှိတဲ့ ကမ္ဘာပေါ်က အသေးဆုံးနိုင်ငံ

//s9.kh1.co/9b/9ba8a3c3f67700beb6951e2074d0b7bb3265feac.jpg
MPT

 ១៣-ឧសភា-២០២៤ ៤ល្ងាច · ២ ឆ្នាំមុន

တရုတ်နိုင်ငံရဲ့ မြို့တစ်မြို့စာသာရှိတဲ့ ကမ္ဘာပေါ်က အသေးဆုံးနိုင်ငံ

Vatican City လို့ လူသိများတဲ့ တရားဝင်ဗာတီကန်စီးတီးပြည်နယ်ကတော့ နိုင်ငံကြီးတွေ ပတ်ပတ်လည် ဝန်းရံထားတဲ့ ကုန်းတွင်းပိတ် နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဧရိယာအသေးဆုံး နိုင်ငံငယ်တစ်ခုဖြစ်ပြီး လာတန်စာချုပ်ဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ဝန်းကျင်မှာ အီတလီနိုင်ငံမှ သီးခြားလွတ်လပ်ရေး ရခဲ့ပါတယ်။ ပုပ်ရဟန်းမင်းများ ၊ ကက်သလစ်ဘုန်းတော်ကြီးများ အုပ်ချုပ်တဲ့ Vatican city ဟာ ခရစ်ယာန်ဘာသာကို အဓိက ကိုးကွယ်ယုံကြည်ကြပါတယ်။ Vatican city ဟာ St. Peter's Basilica ၊ Sistine Chapel ၊ Vatican Library နဲ့ ပြတိုက်များ စတဲ့ ဘာသာရေး နဲ့ ယဉ်ကျေးမှုအဆောက်အအုံများ ပေါများစွာ ရှိပြီး မြင်ရတာ ရင်သပ်ရှုမောဖွယ် ဖြစ်နေပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/26/264567a1af9196919972e90a139b024a5be592d4.jpg

ထူးခြားတဲ့ အနုပညာလက်ရာတွေ ဂန္ဓဝင်ကျကျ ရှိနေတဲ့ Vatican city ဟာ ကမ္ဘာ့ကုလသမ္မဂ UNESCO အဖွဲ့မှာ ရှေးဟောင်းအမွေအနှစ် မြို့တော်လို့တောင် သတ်မှတ်ထားကြပါတယ်။ ဒါအပြင် ထူးထူးခြားခြား ဗာတီကန်စီးတီးနိုင်ငံနေ ပြည်သူတွေအားလုံးဟာ အခွန်ကင်းလွတ်ခွင့် ရကြပါတယ်။ Vatican city ဟာ ရောမမြို့ရဲ့ မိုင်အနည်းငယ်အကွာမှာတင် တည်ရှိတာကြောင့် ရာသီဥတုမှာလည်း ရောမရဲ့ ရာသီဥတုနဲ့ တူညီပြီး အမြင့်ဆုံး စံချိန်တင်အပူချိန်မှာ ၄၁ ဒီဂရီ စင်တီဂရိတ်သာ ရှိတာကြောင့် အပူအအေးမျှတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်တရားဝင် ကိုယ်ပိုင်လေဆိပ်မရှိတာကြောင့် Rome Ciampino Airport သို့မဟုတ် Rome Fiumicino Airport တို့မှ တစ်ဆင့်သွားမှသာ ရောက်တဲ့ နိုင်ငံငယ်လေးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/ff/ff919f64722f267b50c0e529d8ba234f78efbadf.jpg

Vatican city နိုင်ငံသားအများစုဟာ အီတလီဘာသာကို အဓိက အသုံးပြုကြပြီး လက်တင်ဘာသာနဲ့လည်း ပြောလေ့ ရှိပါတယ်။ တစ်နိုင်ငံလုံး ဧရိယာမှာ ၄၉ ဟက်တာ ( ၁၂၁ ဧက ) သာ ကျယ်ဝန်းပြီး လူဦးရေမှာလည်း တရုတ်နိုင်ငံရဲ့ မြို့တစ်မြို့စာ ဦးရေလောက်သာ ရှိပါတယ်။ ၂၀၂၃ ခုနှစ် စစ်တမ်းတွေအရ ခန့်မှန်းချေ လူဦးရေ ၇၆၄ ဦးသာ ရှိပြီး နိုင်ငံရပ်ခြားပြင်ပမှာ လုပ်ကိုင်နေတဲ့ ဗာတီကန်နိုင်ငံသားကတော့ ၃၀၀ ဝန်းကျင် ရှိပါတယ်။ ငွေကြေးမှာ ယူရို နဲ့အသုံးပြုပြီး Vatican city ပြည်နယ်ကို အုပ်ချုပ်တဲ့ အကြီးအကဲတွေဟာ သူတို့ရဲ့ နိုင်ငံသားတွေအပေါ်ကို များစွာ စာနာကာ တွေးပေးတဲ့ ချစ်စရာ နိုင်ငံငယ်လေး ပဲဖြစ်ပါတယ်။ ဒါကြောင့် ရောမမြို့ကို ရောက်တဲ့အခါ အနုပညာအမွေအနှစ်တွေ ပြည့်နေတဲ့ ဗာတီကန်စီးတီးပြည်နယ်လေးကို ရောက်ဖူးအောင် တစ်ခါလောက်တော့ သွားသင့်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/d7/d7efc2f1a62b3de668c09b1d5ba29266aa59162a.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T