Black stilt ငှက်တို့ရဲ့ လူသိနည်းတဲ့ ထူးခြားချက်တွေ

//s9.kh1.co/8b/8b8c5fa825ba4dce04d2f1e49b8f07ab82593825.png
MPT

 ၁၂-မေ-၂၀၂၄ ၁၀pm · လွန်ခဲ့သော တစ်နှစ် က

Black stilt ငှက်တို့ရဲ့ လူသိနည်းတဲ့ ထူးခြားချက်တွေ

Black stilt သို့မဟုတ် Kaki ငှက်ကတော့ Himantopus မျိုးစုက ဆင်းသက်လာတဲ့ ငှက်မျိုးစိတ်တစ်မျိုးဖြစ်ပြီး သိပ္ပံနာမည်ကတော့ Himantopus novaezelandiae လို့‌ ခေါ်ပါတယ်။ နယူးဇီလန်မှာ တွေ့ရတဲ့ ငှက်တစ်မျိုးဖြစ်ပြီး ပန်းရောင် ခြေတံရှည်တွေကြောင့် လူသိများပါတယ်။ ဒါအပြင် နီရဲတောက်ပတဲ့ အနီရောင် မျက်လုံးဟာလည်း ဒီငှက်တွေရဲ့ ထူးခြားချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အများအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို အ‌နက်ရောင် အမွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီ Black stilt ငှက်တွေဟာ ရေစပ် ၊ ကမ်းစပ် ၊ မြစ်ကမ်းစပ် နဲ့ ပင်လယ်ကမ်းခြေ သဲသောင်ပြင် တွေမှာ နေထိုင်ကျက်စားကြတဲ့ လမ်းလျှောက်ငှက်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/84/8467257fb429edb74ef24296e248c1fe6088559f.png

အရွယ်မရောက်သေးတဲ့ Black stilt ငှက်တွေဟာ ရင်ဘတ်ပိုင်းမှာ အဖြူရောင် အမွေးတို့ ပါရှိပြီး အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ဟာ အနက်ရောင် အမွေးအမျှင်တွေ ဖုံးအုပ်လာကာ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ Black stilt ငှက်တွေကတော့ တစ်ကိုယ်လုံး အနက်ရောင်အမွေးတို့နဲ့ အနက်ရောင်ငှက် ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အသက် ၂ ၊ ၃ နှစ်အရွယ်မှာ အရွယ်ရောက်တဲ့ ဒီငှက်တွေဟာ တစ်ကောင်တည်း သို့မဟုတ် အတွဲလိုက် စုံတွဲ နှစ်ကောင်အဖြစ် သီးခြားနေထိုင်လေ့ ရှိကြတဲ့ ငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဇူလိုင်လ သို့မဟုတ် ဩဂုတ်လဟာ Black stilt ငှက်တို့ရဲ့ မိတ်လိုက်ရာသီဖြစ်ပြီး စက်တင်ဘာလမှာ သားပေါက်လေ့ ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/fa/fa016f5dcf3e46d543db7dc2c70425d14aaf3247.jpg

စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်းမှာ ဥ ၃ လုံးမှ ၅ လုံးအထိ ဥဥ သားပေါက်ကြပြီး အောက်တိုဘာလကတော့ ဒီငှက်တွေရဲ့ မျိုးပွားနှုန်းအမြင့်ဆုံး လ ပဲဖြစ်ပါတယ်။ ထူးခြားတဲ့ အရောင်အဆင်း နဲ့ ခြေတံရှည်တို့ကြောင့် လူသိများခဲ့တဲ့ Black stilt ငှက်တွေဟာ လူတွေရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးမှု များစွာ ခံခဲ့ရပါတယ်။ လူတွေရဲ့ စည်းကမ်းမဲ့ဖမ်းဆီးမှုတွေကြောင့် Black stilt ငှက်အကောင်ရေ များစွာ လျော့နည်းခဲ့ပြီး ၂၀၂၀ ခုနှစ် မေလအတွင်း စစ်တမ်းတွေအရ အရွယ်ရောက်ပြီးတဲ့ ငှက်အကောင်ရေ ၁၆၉ ကောင်သာ ကျန်ပါတော့တယ်။ လက်ရှိမှာတော့ Black stilt ငှက်တွေကို တက်နိုင်သလောက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပြီး မျိုးသုန်းပျောက်ကွယ်မဲ့ အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးငှက်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/78/784185cfc67a2ebf69b571865a2805ed6af81e17.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T