ရေကူးချန်ပီယံဖြစ်တဲ့ တောင်အာဖရိက က ပင်ဂွင်းလေးများ

//s9.kh1.co/b7/b7f170b7022603eda29c91d6ebb2e127c72a3a15.jpg
MPT

 ၁၁-မေ-၂၀၂၄ ၉pm · လွန်ခဲ့သော ၃ လ က

ရေကူးချန်ပီယံဖြစ်တဲ့ တောင်အာဖရိက က ပင်ဂွင်းလေးများ

အာဖရိကပင်ဂွင်း သို့မဟုတ် Cape penguin ကတော့ သိပ္ပံနာမည် Spheniscus demersus လို့ခေါ်ပြီး အာဖရိက တောင်ပိုင်းရေပြင်မှာသာ သီးသန့်တွေ့ရတဲ့ ပင်ဂွင်းမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ တောင်အာဖရိကပင်ဂွင်းလို့လည်း ခေါ်ကြပြီး ၁၇၅၈ ခုနှစ်မှာ ဆွီဒင်ဇီဝဗေဒပညာရှင် Linnaeus က တရားဝင် ဖော်ပြခဲ့ပါတယ်။ အခြား penguin တွေနဲ့မတူဘဲ ဒီ Cape penguin တွေဟာ မျက်လုံးအပေါ်မှ ထူးထူးခြားခြား ပန်းရောင်အကွက်ကလေးနဲ့ ရင်ဘတ်ပိုင်း မှာ အဖြူရောင်အစင်းကြောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ဘဲကဲ့သို ခြေတံ နဲ့ နှုတ်သီး ၊ အကြေးခွံကဲ့သို့ ကျောဘက်က ထူထူမာမာအနက်ရောင် အမွေးတို့‌ ပါရှိပါသေးတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/99/99fcce33aecca5d7475304263e524e233a2f8d81.jpg

အာဖရိကပင်ဂွင်းတို့ရဲ့ အကျွမ်းကျင်ဆုံး ( ချန်ပီယံ ) အလုပ်မှာ ရေကူး ၊ ရေငုပ်တာပဲ ဖြစ်ပြီး ပျံတော့ မပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်ဝင် တစ်မျိုးပဲ ဖြစ်ပါတယ်။ ငါး ၊ ပြည်ကြီးငါး တို့ကို အဓိက စားသုံးကြပြီး ပင်ဂွင်းအထီးတွေဟာ အမတွေထက် အကောင်အရွယ်အစား ပိုကြီးပြီး နှုတ်သီး ပိုရှည်ကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ အာဖရိကပင်ဂွင်းတစ်ကောင်ရဲ့ ပျမ်းမျှ ကိုယ်အလေးချိန်မှာ ၂.၂ မှ ၃.၅ ကီလိုဂရမ် ( ၄.၉ မှ ၇.၇ ပေါင် ) ရှိပြီး ဦးခေါင်းထိပ်အထိ စုစုပေါင်း အမြင့်မှာ ၂၄ မှ ၂၈ လက်မ ( ၆၀ မှ ၇၀ စင်တီမီတာ ) ဝန်းကျင် ရှိကြပါတယ်။ Cape penguin တို့ရဲ့ အရေပြားအရောင်အစင်းမှာ ရောင်ပြေးပုံသဏ္ဍာန် ရှိတာကြောင့် လူသိများတဲ့ ပင်ဂွင်းမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ac/acc6dcea568e5b1e2c545f6f42ff1847752d4289.jpg

အကြမ်းဖျင်းအားဖြင့် ၁၉ရာစုမှာ အာဖရိကပင်ဂွင်းပေါင်း ၄ သန်းခန့်ရှိပြီး ၂၀၀၀ ခုနှစ်ပိုင်းမှာတော့ ၁.၈ သန်းဝန်းကျင်သာ ကျန်တော့ပါတယ်။ စစ်တမ်းတွေအရ အာဖရိကပင်ဂွင်းတစ်ကောင်ဟာ အနည်းဆုံး ၆၉ စက္ကန့်ကြာအောင် ရေငုပ်နိုင်ကြပါတယ်။ ပျမ်းမျှဘဝသက်တမ်းမှာ ၁၀ နှစ် မှ ၂၅ နှစ် ဝန်းကျင်‌ နေထိုင်နိုင်ကြပြီး စန်တကျ ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုရင်တော့ နှစ် ၃၀ အထိ ရှင်သန်နိုင်တာကြောင့် အတော်ကို အသက်ရှည်တဲ့ ပင်ဂွင်းမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ လူတွေဟာ အာဖရိကပင်ဂွင်းတို့ရဲ့ ဥ နဲ့ အသားကို ဇိမ်ခံအစားအစာ တစ်ခုအနေနဲ့ ‌၁၉ ရာစု နှောင်းပိုင်းကတည်းက စားသုံးခဲ့ပြီး အကောင်အရေအတွက်များစွာ လျော့နည်းခဲ့ပါတယ်။ လက်ရှိမှာတော့ တောင်အာဖရိကရဲ့ ကျွန်းအချို့မှာ အနည်းငယ်သာ ကျန်တော့ပြီး မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ပင်ဂွင်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/29/299056fed4e433d37886b06464f5ceda3132207d.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T