အဖွဲ့ဝင် ၂၄ ယောက်ပါဝင်တဲ့ ကေပေါ့အိုင်ဒေါအဖွဲ့ Triple S

//s9.kh1.co/59/59c2e324a29554308379c3f5d5e0905df2158ef0.jpg
MPT Korea Celebrity

 ၁၁-မေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၃ လ က

အဖွဲ့ဝင် ၂၄ ယောက်ပါဝင်တဲ့ ကေပေါ့အိုင်ဒေါအဖွဲ့ Triple S

Triple S ဟာအဖွဲ့ဝင် ၂၄ ယောက်တိတိရှိတဲ့ကေပေါ့အိုင်ဒေါအဖွဲ့တစ်ခုဖြစ်ပါတယ်။ MODHAUS ကုမ္မဏီကနေပြီး ပွဲဦးထွက်ထားတဲ့ဒီအိုင်ဒေါမိန်းကလေးအဖွဲ့ဟာ Kim Yooyeon, Mayu, Xinyu, Kim Nakyoung, Park Sohyun, Seo Dahyun, Nien, Yoon Seoyeon, Jiyeon, Kotone, Kim Chaeyeon, Gong Yubin, Lee Jiwoo, Kaede, Park Shion, Sullin, Lynn, Jeong Hyerin, Kim Chaewon, Jeong Hayeon, Kim Soomin, Kwak Yeonji, Joobin နှင့် Seoah တို့ပါဝင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/46/4619cc221fc2be1fd7410019ff33bdddb124ef96.webp

အဖွဲ့ဟာလူဦးရေများတာကြောင့် တစ်ခြားကေပေါ့အဖွဲ့တွေနှင့်မတူဘဲ အစစအရာရာမှာကွာခြားနေတာပါ။ ပုံမှန်အားဖြင့် ကေပေါ့အဖွဲ့တွေဟာသွားလာရေးအတွက် အနက်ရောင်ဗင်ကားတွေနှစ်စီးကနေသုံးစီးလောက်အထိသုံးတတ်ကြပေမဲ့ ကတော့ မီနီဘတ်စ်လိုမျိုး သုံးစီးကျော်အထိသွားလာရေးအတွက်အသုံးပြုရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အစားအသောက်နှင့်နေထိုင်ဖို့အတွက်ကိုလည်း တစ်ခြားအဖွဲ့တွေထက်အများကြီးအချိန်ကုန်ရလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/39/39e668768eb8c2145f58ad0d2eab8accba278f4d.webp

ဒါ့အပြင် စင်ပေါ်နှင့် မိတ်ကပ်အပြင်အဆင်တွေအတွက်ကိုလည်း အဖွဲ့ဝင်များတာကြောင့် မနက်စောစောတစ်နာရီလောက်ကတည်းက လုပ်ရလေ့ရှိပါတယ်။ သူတို့ဟာအဖွဲ့ဝင် ၂၄ ယောက်လုံးပါဝင်တဲ့ Girls Never Die ဆိုတဲ့သီချင်းကိုမကြာသေးခင်ကမှထုတ်ဝေထားတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T