သူငယ်ချင်းဖြစ်သူမွန်ဘင်းအတွက် ခံစားနေရဆဲဖြစ်ကြောင်းပြောလာခဲ့တဲ့ ချာအန်ဝူး

//s9.kh1.co/63/634accb3c33b4ecf1a99b66a18f4b4e3a6dc94ec.jpg
MPT Korea Celebrity

 ၀၉-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၃ လ က

သူငယ်ချင်းဖြစ်သူမွန်ဘင်းအတွက် ခံစားနေရဆဲဖြစ်ကြောင်းပြောလာခဲ့တဲ့ ချာအန်ဝူး

ချာအန်ဝူးဟာ မကြာသေးခင်တုန်းက နာမည်ကြီးရှိုးတစ်ခုဖြစ်တဲ့ မှာပါဝင်ခဲ့ပါတယ်။ ဒီရှိုးမှာ သူဟာ ကွယ်လွန်သွားတာတစ်နှစ်ကြာနေပြီဖြစ်တဲ့ အဖွဲ့ဝင်မွန်ဘင်းအကြောင်းကို ပြောလာခဲ့တာပါ။ မွန်ဘင်းဟာ ကျန်းမာရေးကြောင့် ၂၀၂၃ မှာရုတ်တရက်ကွယ်လွန်သွားပြီးတော့ ပရိတ်သတ်တွေကိုအံ့ဩစေခဲ့ပါတယ်။

မွန်ဘင်းကွယ်လွန်သွားချိန်မှာ ချာအန်ဝူးဟာပြည်ပမှာရိုက်ကူးရေးအတွက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ သတင်းထွက်ထွက်ချင်းမှာပဲ ကိုးရီးယားကိုပြန်လာခဲ့ပြီး အလုပ်တွေကို အချိန်တစ်ခုအထိနားခဲ့တဲ့ချာအန်ဝူးဟာ နောက်ပိုင်းမှာတော့ အလုပ်တွေဆက်တိုက်လုပ်နေခဲ့တာကြောင့် ပရိတ်သတ်တွေကိုစိတ်ပူစေခဲ့ပါတယ်။ အမြဲတမ်းပြုံးနေပြီးတော့ အလုပ်ပဲဆက်တိုက်လုပ်နေတာကြောင့် ချာအန်ဝူးဟာ စိတ်ပိုင်းဆိုင်ရာအဆင်မပြေတာဖြစ်နေမလားဆိုပြီးစိတ်ပူနေခဲ့ကြတာပါ။

ရှိုးမှာတော့ ချာအန်ဝူးဟာ မွန်ဘင်းကွယ်လွန်သွားတာနှင့်ပတ်သက်ပြီး သူ့ရဲ့ခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။ သူ့အနေနှင့် လူတွေမွန်ဘင်းကိုလွယ်လွယ်မေ့သွားတာကိုဝမ်းနည်းပြီး အသက်ရှင်နေရတာကိုအပြစ်မကင်းသလိုခံစားခဲ့ရကြောင်းပြောခဲ့တာပါ။ နောက်ပိုင်းမှာတော့ မွန်ဘင်းအတွက် သီချင်းတစ်ပုဒ်ကိုရေးခဲ့ပြီး မွန်ဘင်းနေရာမှာ အကောင်းဆုံးလုပ်ဆောင်နေကြောင်းပြောသွားခဲ့တာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T