၁၈၃၅ ခုနှစ်မှာ အမေရိကန်-နယ်သာလန် ပညာရှင် Gerardus Troost တရားဝင်ဖော်ပြခဲ့တဲ့Alligator snapping လိပ်ဟာ Chelydridae မျိုးစုက ဆင်းသက်လာတဲ့ လိပ်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ သိပ္ပံနာမည် Macrochelys temminckii လို့ခေါ်တဲ့ ဒီလိပ်ဟာ ကမ္ဘာပေါ်က အလေးဆုံးရေချိုလိပ်ထဲက တစ်မျိုး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ကျယ်ပြန့်စွာ တွေ့ရတဲ့ လိပ်မျိုးစိတ် ပဲ ဖြစ်ပါတယ်။ ဒါအပြင် မြောက်အမေရိက က အကြီးဆုံး ရေချိုလိပ်မျိုးစိတ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကတည်းက စတင်ရှိခဲ့တဲ့ ရှေးအကျဆုံး လိပ်မျိုးစိတ်ဝင် တစ်မျိုးလည်း ဖြစ်ပါတယ်။
Macrochelys မျိုးရင်း က ဆင်းသက်လာတဲ့ မျိုးစိတ်နှစ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ Alligator လိပ်တွေဟာ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် လူသိများလာခဲ့ပါတယ်။ အခြားလိပ်တွေနဲ့ မတူဘဲ Alligator လိပ်တွေဟာ ထူထဲတဲ့ မိကျောင်းအရေခွံ ပုံစံ အခွံ နဲ့ အထိအခိုက် အကြမ်းခံနိုင်တာကြောင့် မိကျောင်းတူလိပ် လို့ခေါ်တာပဲ ဖြစ်ပါတယ်။ ဒါအပြင် အကောင်အရွယ်အစား ကြီးတာကြောင့် အသားစားလိပ် မျိုးစိတ်ထဲ ပါဝင်ပြီး ငါးငယ် ၊ ကျောရိုးရှိသတ္တဝါငယ် ၊ တွားသွားသတ္တဝါငယ် တို့အပြင် အသေကောင်အသား တွေကိုလည်း စားကြပါသေးတယ်။
အခွံမှာ အညိုရောင် ၊ သံလွင်ရောင် ၊ မီးခိုးရောင် အထိ ဒေသအလိုက် အရောင်အမျိုးမျိုးကွဲနိုင်ပြီး မျက်လုံးတဝိုက်မှာ အဝါရောင် ဖြာထွက်နေတဲ့ ပုံသဏ္ဍာန် ရှိပါတယ်။ ဒါအပြင် ထူးထူးခြားခြား အကောင်ပေါက်မဲ့ alligator လိပ်သားပေါက်ရဲ့ လိင်အမျိူးအစားဟာ ဥရဲ့ အပူချိန်အပေါ် မူတည်ပြီး နှစ်စဉ် ဥ ၁၀ မှ ၃၀ ၊ ၄၀ အထိ ဥလေ့ ရှိကြပါတယ်။ အကြမ်းခံပြီး မာကျောတဲ့ Alligator လိပ်တွေရဲ့ ပျမ်းမျှ ဘဝသက်တမ်းမှာ ၈၀ နှစ် မှ ၁၂၀ နှစ် ဝန်းကျင်ရှိတာကြောင့် အတော်ကို အသက်ရှည်တဲ့ လိပ်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ အခွံတို့ကြောင့် လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခဏခဏ ကြုံရတဲ့ Alligator လိပ်တွေဟာ လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်တော့မဲ့ အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှေးအကျဆုံး လိပ်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။