သားမွေးမှာ နာမည်ကြီးတဲ့ ချစ်စရာ Sable ကောင်လေးများ

//s9.kh1.co/85/85e146ee5b791159d3bdb849ef827d39ad14044a.jpg
MPT

 ၀၅-မေ-၂၀၂၄ ၅pm · လွန်ခဲ့သော ၂ နှစ် က

သားမွေးမှာ နာမည်ကြီးတဲ့ ချစ်စရာ Sable ကောင်လေးများ

Marten မျိုးစိတ်က ဆင်းသက်လာပြီး သိပ္ပံနာမည် Martes zibelina လို့ခေါ်တဲ့ Sable ကောင်လေးတွေဟာ သေးငယ်တဲ့ နို့တိုက်သတ္တဝါမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ သစ်တောပတ်ဝန်းကျင်တွေမှာ အဓိကနေထိုင်ကြပြီး ဆိုက်ဘေးရီးယားတစ်လျှောက်က Ural တောင်များ ၊ မွန်ဂိုလီးယားနိုင်ငံမြောက်ပိုင်း နဲ့ အရှေ့ဘက် ကာဇက်စတန် ၊ တရုတ် ၊ မြောက်ကိုရီးယား ၊ ဟော့ကိုင်းဒိုး ၊ ဂျပန်တို့မှာလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရနိုင်ပါတယ်။ အညို့ဖျော့ရောင် ၊ အညိုရင့်ရောင် ၊ မီးခိုးရောင်အထိ အရောင်အမျိုးမျိုး ရှိနိုင်ပြီး Sable ကောင်လေးတွေက နူးညံ့ပြီး ချစ်စရာကောင်းတဲ့ အမွေးနုတွေကြောင့် လူသိများ ထင်ရှားပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/08/08c141029fab2e664c646c8a16e8024e84e9c492.jpg

အမွေးပွပွ အမြီးတို‌ နဲ့ နားရွက်ချွန်ချွန်တို့ ပါရှိပြီး တောင်တက်ခြင်းဟာ Sable တို့ အကျွမ်းကျင်ဆုံး နဲ့ အပိုင်နိုင်ဆုံးပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Sable အထီးတစ်ကောင်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၃၈ မှ ၅၆ စင်တီမီတာ ( ၁၅ မှ ၂၂ လက်မ ) ရှိပြီး အလေးချိန် ၈၈၀ မှ ၁၈၀၀ ဂရမ် ကြား ရှိပါတယ်။ Sable အထီးတွေက အမတွေထက် အကောင်အရွယ်အစား ပိုကြီးကြပြီး ဆောင်းရာသီမှာ ခန္ဓာကိုယ်အမွေးတို့က ပိုရှည်တာကြောင့် အအေးဒဏ်ကိုလည်း ခံနိုင်ကြပါတယ်။ Sable တို့ရဲ့ အစာဟာ ရာသီအလိုက် ပြောင်းလဲလေ့ရှိပြီး နွေရာသီမှာ တောင်ယုန် နဲ့ အခြားနို့တိုက်သတ္တဝါငယ်တို့ကို စားသုံးကြပြီး ‌ဆောင်းရာသီမှာတော့ တောရိုင်းဘယ်ရီသီးများ ၊ ကြွက်များ တို့ကို စားသုံးကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/8b/8bd327f3a1bcb65548a8f94c44ec2bc2209ef38c.jpg

Sable ကောင်လေးတို့ရဲ့ ထူးခြားချက် တစ်ချက်မှာ ဝမ်းဗိုက်က ထွက်ရှိတဲ့ ဂလင်းရဲ့ အနံ့ဖြစ်ပြီး မိတ်လိုက်ရာသီမှာ အသံ နဲ့ ဂလင်းအနံ့တို့ကို အာရုံခံပြီး မိတ်လိုက်လေ့ ရှိပါတယ်။ Sable တို့ရဲ့ သားမွေးဟာ အစောပိုင်း အလယ်ခေတ်ကတည်းက သားမွေးရောင်းဝယ်ရေးမှာ အလွန်တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး လူချမ်းသာတို့ရဲ့ ဇိမ်ခံ အလှပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပါတယ်။ နူးညံ့လှတဲ့ သားမွေးနဲ့ လိုက်လျောညီထွေနေတတ်တာကြောင့် Sable ကောင်လေးတွေဟာ အပြေးမြန် ၊ ‌အပင်တက် မြန်ကြပေမဲ့ ခဏခဏ အဖမ်းခံရကာ ‌ဖမ်းဆီးခံရပါတယ်။ လူတွေရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှု ၊ ‌နေထိုင်ရာ ဒေသများ ဆုံးရှုံးမှု ၊ အမဲလိုက်ခံရမှုတို့ကြောင့် Sable ‌အရေအတွက်များစွာ လျော့နည်းခဲ့ပြီး လက်ရှိမှာတော့ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ချစ်စရာ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/34/34e94b2adb4a763d95a36e80ee6c85a14208f585.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T