လူကိုပါ သေစေနိုင်လောက်တဲ့ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံး ပုရွက်ဆိတ်

//s9.kh1.co/f0/f07b8c83137c3f8d1a5b4b827ad859cf39ca2588.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၇ ရက် က

လူကိုပါ သေစေနိုင်လောက်တဲ့ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံး ပုရွက်ဆိတ်

၁၈၀၄ ခုနှစ်မှာ ဒိန်းမတ် သတ္တဗေဒပညာရှင် Johan Christian Fabricius မှ စတင်‌တင်သွင်းခဲ့တဲ့ Myrmecia ပုရွက်ဆိတ်ဟာ Myrmeciinae မျိုးစိတ်က ဆင်းသက်လာတဲ့ ပုရွက်ဆိတ်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ခွေးဘီလူးပုရွက်ဆိတ် လို့ လူသိများပြီး ဒီပုရွက်ဆိတ်တွေဟာ ရန်လိုတတ်တဲ့ အဆိပ်ရှိ ပုရွက်ဆိတ်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဒုတိယအကြီးဆုံး ပုရွက်ဆိတ်မျိုး ဖြစ်တဲ့ Myrmecia တို့ရဲ့ အရွယ်အစားမှာ ၈ မှ ၄၀ မီလီမီတာ ( ၀.၃၁ မှ ၁.၅၇ လက်မ ) အထိ ရှည်ကြပါတယ်။ အနီရောင် နဲ့ အဝါရောင် ပေါင်းစပ်ထားတဲ့ အနက်ရောင်လိုလို အရောင်အဆင်းရှိပြီး ရွှေအိုရောင် အမွေးအမျှင်ငယ်များ ပါရှိတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/2c/2cdc8430cf7ab46af58f171b1dcabdd33ece0259.jpg

ခွေးဘီလူးပုရွက်ဆိတ်တွေမှာ အဆိပ်ဓာတ်ထုတ်ပေးနိုင်တဲ့ အချွန်နှစ်ခု ပါးစပ် ပါရှိပြီး ၁၈၀ ဒီဂရီ ပတ်လည်မြင်ရတဲ့အပြင် ဟိုးအဝေးမှ အရာဝတ္ထုပစ္စည်းတွေကိုပါ မြင်နိုင်တဲ့ ကြီးမားတဲ့ မျက်လုံးကြီးတို့ ပါရှိကြပါတယ်။ ဒီပုရွက်ဆိတ်တွေကို ဘုရင်မ တစ်ကောင်က ဦးဆောင်ပြီး Myrmecia ပုရွက်ဆိတ်ဘုရင်မဟာ အခြား လုပ်သား ပုရွက်ဆိတ်များထက် အကောင်အရွယ်အစားပိုကြီးကာ အတောင်ပံပါရှိတာကလွဲ အရောင်အဆင်း နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့မှာ တူညီကြပါတယ်။ သစ်ပင်အခေါက်များ ၊ ကျောက်ဆောင်‌များကြား ၊ မြေဆီလွှာအောက်တွေမှာ အသိုက်ဖွဲ့နေထိုင်ကြပြီး ဘုရင်မက သားဥပေါက်ဖွားခြင်းကို အဓိက လုပ်ကိုင်ပြီး မျိုးဆက်ပွားစေပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/b2/b2ab0e047d53744d55f0ea0c776d764cbe680592.jpg

ခွေးဘီလူးပုရွက်ဆိတ်တွေရဲ့ လူသိနည်းတဲ့ အချက်တစ်ချက်ကတော့ ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး ပုရွက်ဆိတ်မျိုးစိတ်လို့ သတ်မှတ်ခံထားရပြီး ဒီပုရွက်ဆိတ်အကိုက်ခံရပါက အရွယ်ရောက်ပြီးသူတစ်ဦးကိုတောင် ၁၅ မိနစ်အတွင်း အ‌သက် သေဆုံးနိုင်လောက်အောင် ပြင်းထန်တဲ့ အဆိပ် ပါရှိတာပဲ ဖြစ်ပါတယ်။ လူသား နဲ့ တိရစ္ဆာန်တို့အတွက် အန္တာရာယ်ဖြစ်စေတဲ့ Myrmecia ပုရွက်ဆိတ်တွေဟာ ပန်းဝတ်ရည် ၊ ချိုမြစေးကပ်တဲ့ အရည် တို့ကို အဓိက စားသုံးကြပြီး အင်းဆက်သေများကိုပါ စားသုံးနိုင်ကြပါတယ်။ ချုံနွယ်များ ပေါများတဲ့ ဒေသတွေမှာ အများဆုံး တွေ့ရလေ့ရှိပြီး New Caledonia မှာတော့ ခွေးဘီလူး‌ပုရွက်ဆိတ်တွေဟာ ရှားပါးပြီး အဆိပ်ပြင်းတဲ့ ပုရွက်ဆိတ်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/27/277c87644d0eb9f1959cde5f4e9d88bf21bc1be2.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T