အထပ်လိုက် အစီအရီရှိနေတဲ့ ရေကန်ငယ်တွေကြောင့် ကမ္ဘာကျော်ခဲ့တဲ့ ခရိုအေးရှားက ရှေးအကျဆုံး အမျိုးသားဥယျာဉ်

//s9.kh1.co/61/61ecd2848376e864c8d2db2a5b829edfda48ea97.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၆ ရက် က

အထပ်လိုက် အစီအရီရှိနေတဲ့ ရေကန်ငယ်တွေကြောင့် ကမ္ဘာကျော်ခဲ့တဲ့ ခရိုအေးရှားက ရှေးအကျဆုံး အမျိုးသားဥယျာဉ်

ဟက်တာ ၃၀၀၀၀ နီးပါးကျယ်ဝန်းတဲ့ Plitvice lake အမျိုးသားဥယျာဉ်ဟာ ဘော့စနီးယား နဲ့ ဟာဇီဂိုဗီးနား နယ်စပ် ခရိုအေးရှားအလယ်ပိုင်းက တောင်ထူထပ်တဲ့ Larst area မျာ တည်ရှိပြီး ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ခရိုအေးရှားက ရှေးအကျဆုံး နဲ့ အကြီးဆုံး အမျိုးသားဥယျာဉ်ထဲက တစ်ခုဖြစ်ပြီး ထူးခြားပြောက်မြောက်လှတဲ့ ရေကန်များ ၊ ရေတံခွန်များ နဲ့ ရေတံခွန်နဲ့ ချိတ်ဆက်ထားတဲ့ ဂူများစွာ နဲ့ ရင်သပ်ရှုမောဖွယ်ခမ်းခမ်းနားနား တည်ရှိပါတယ်။ ဒါအပြင် နှစ်စဉ် သွားရောက်လည်ပတ်သူ ၁ သန်းကျော် ရှိပြီး ခရိုအေးရှားက အကျော်ကြားဆုံး ကမ္ဘာ့လှည့်ခရီးသည်များ အကြိုက် နိဗ္ဗာန်ဘုံ လေးတစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/55/553c15f7f9b38b64ed794c5268acd374f277d865.jpg

ရေကန် ၁၆ ကန် စုပေါင်းစီးဆင်းနေတာကို အပေါ်စီးမှ မြင်ရနိုင်တဲ့ Plitvice ရေတံခွန်လည်းရှိပြီး အထပ်လိုက်စီထားတဲ့ ရေကန်တွေကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါအပြင် အချိုးကျကျ ပေါက်ရောက်နေတဲ့ ရေညှိ ၊ ရေမှော် ၊ အပင်တို့ကြောင့် ထူးထူးခြားခြား ရေကန်တို့ရဲ့ အရောင်မှာ စိမ်းပြာရောင် ၊ အစိမ်းရောင် ၊ အပြာရောင် ၊ မီးခိုးရောင် တို့ဖြစ်ကာ ထင်ရှား ကျော်ကြားပါသေးတယ်။ Plitvice lake ရဲ့ ထူးခြားတဲ့ ပထဝီဝင်အနေအထား နဲ့ သီးခြားရာသီဥတု တို့ကြောင့် Plitvice အမျိုးသားဥယျာဉ်ဧရိယာအတွင်းမှာ သဘာဝဖြစ်စဉ်များစွာ နဲ့ ဇီဝမျိုးကွဲပေါင်း များစွာ အေးချမ်းစွာ ပေါက်နိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/be/be8fcddaaef7d4fd88761d02536e47383d4c85ac.jpg

မြေထဲပင်လယ်ဒေသ နဲ့ အနီးတဝိုက်မှာ ရှိပေမယ့် ဥယျာဉ်အတွင်းက ပလစ်ဗစ်ရေကန်တို့မှာတော့ အလယ်အလတ် တောင်တန်းရာသီဥတု ရှိပါတယ်။ နှစ်ကာလပြောင်းလဲလာတာနဲ့အမျှ ထုံးကျောက်များ ဖြစ်ပေါ်ကာ Plitvice အမျိုးသားဥယျာဉ်ထဲက မြစ်များစွာဟာ ကျောက်‌ဆောင်တို့အတွင်း စီးဝင်သွားကြပြီး မြေအောက်မြစ်ကြောင်းများ ဖြစ်ပေါ်လာတာကြောင့် ရင်သပ်ရှုမောဖွယ် မြေအောက်မြစ်ကြောင်းများလည်း ရှိပါတယ်။ ဒီလို ရင်သပ်ရှုမောဖွယ် ရှုခင်းအပြည့် နဲ့ လတ်ဆတ်လှတဲ့ တောတောင်ရေမြေကို တစုတ‌စည်းတည်း တွေ့ရနိုင်တဲ့ Plitvice lake အမျိုးသားဥယျာဉ်ဟာ UNESCO ရဲ့ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာလေးတစ်ခု ဖြစ်လာတာ မဆန်းဘူးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/f5/f5a07883a6f65966f801bda97e9e7f11c131ca39.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T