လင်းယုန်ငှက်နဲ့ ဆင်တဲ့ ကမ္ဘာ့အလေးဆုံး ဇီးကွက်မျိုးစိတ်

//s9.kh1.co/5f/5f1c9ff26e657bf6a13fb0e0276f9d3f6f7f7fd2.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၇ ရက် က

လင်းယုန်ငှက်နဲ့ ဆင်တဲ့ ကမ္ဘာ့အလေးဆုံး ဇီးကွက်မျိုးစိတ်

အညိုရောင်ငါးဇီးကွက်လို့ခေါ်တဲ့ Tawny fish-owl တွေဟာ စစ်မှန်တဲ့ ဇီးကွက်မျိုးစိတ် နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး Strigidae မျိုးစိတ်မှ ဆင်းသက်လာတဲ့ ဇီးကွက်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ သိပ္ပံနာမည် Ketupa flavpes လို့ခေါ်ပြီး နီပေါနိုင်ငံ တောင်ပိုင်း မှ ဘင်္ဂလားဒေ့ရှ် ၊ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံ တို့မှာ ဇာတိ တွေ့ရများပါတယ်။ ငါးဇီးကွက်များ အနက် ဆွဲဆောင်မှု အရှိဆုံး ငါးဇီးကွက်အဖြစ် သတ်မှတ်ထားပြီး ကြီးမားသော နားရွက်ကားကားကြီး နဲ့ အဝါရောင် စူးရှ‌နေတဲ့ မျက်လုံးတို့ ပါရှိပါတယ်။ ဦးခေါင်းပိုင်းမှာ လိမ္မော်ရောင် သို့မဟုတ် အညိုရောင် အမွေးအမျှင်များ ပါရှိတဲ့ အညိုရောင် ငါးဇီးကွက်တွေက အလယ်အလတ်ကြီးတဲ့ ဇီးကွက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/4a/4ab4b47cd1233b41a76535a46bc26f2ec60d9b6b.jpg

ရင်ဘတ်အလယ်ပိုင်းမှာတော့ အနက်ရောင် နဲ့ အဝါရင့်ရောင် သို့မဟုတ် နီညိုရောင် အမွေးတို့နဲ့ ကွက်ပြားပုံသဏ္ဍာန် ပါရှိကြပါတယ်။ ဒါအပြင် Tawny fish-owl တို့ရဲ့ ခြေထာက်မှာ အမွေးများ မပါရှိဘဲ ‌ရှည်လျား တဲ့ စိမ်းပုပ်ရောင် ခြေတံများ ပါရှိကြပါတယ်။ အကြီးဆုံး ဇီးကွက်မျိုးစိတ်ဖြစ်တဲ့ blackiston ငါးဇီးကွက် နဲ့ မှားတတ်ပြီး အညိုရောင်ငါးဇီးကွက်တွေကတော့ အမြီးတိုကြပါတယ်။ ချွန်ထက်တဲ့ ခြေသည်းတို့ ပါရှိပြီး ငါးများကို အဓိက ဖမ်းယူစားသုံးကြတဲ့ Tawny fish-owl တွေဟာ တစ်ချက်တစ်ချက် လင်းယုန်ငှက်များနဲ့တောင် ဆင်တူကြပါတယ်။ မနက်ပိုင်းတွေမှာ အိပ်စက်ကြပြီး နေဝင်ဆည်းဆာချိန်‌တို့မှာ သားကောင်ရှာထွက်လေ့ရှိကာ တစ်နာရီကို ၁၈၀၀ မီတာ ( ၅၉၀၀ ) ပေ အထိ ရွေ့လျားနိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/f9/f9724d60f1e881f12abf09b386153a7e4c394b26.jpg

အရွယ်ရောက်ပြီးတဲ့ အညိုရောင်ငါးဇီးကွက်တစ်ကောင်ဟာ ဦးခေါင်းပိုင်းမှ အမြီးအထိ ၄၈ မှ ၆၁ စင်တီမီတာ ( ၁၉ မှ ၂၄ လက်မ ) ကြား ရှည်ပြိး အညို‌ရောင်ဇီးကွက် ခြောက်ကောင်ဟာ ပျမ်းမျှ စုစုပေါင်းအလေးချိန် ၂၄၁၅ ဂရမ် ရှိပြီး အလေးဆုံးသော သက်ရှိဇီးကွက်မျိုးစိတ်ထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။ မကြာခဏ စားကျက်မြေနေရာများ ပြောင်းလဲနေထိုင်လေ့ ရှိပြီး ‌လူသူကင်းတဲ့ တောနက်တွေမှာသာ တွေ့ရ‌တဲ့အပြင် အပြေးမြန်တဲ့ ဇီးကွက်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ Tawny fish-owl တွေဟာ ဖမ်းဆီးမိဖို့ အတော် ကြိုးစားရပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်မရှိသေးဘဲ နီပေါတောင်ပိုင်း ၊ အိန္ဒိယမြောက်ပိုင်း ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် ၊ တရုတ် ၊ လာအို ၊ မြန်မာ ၊ ထိုင်ဝမ် နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ အပူပိုင်းဒေသ သစ်တောတွေမှာ ကျယ်ပြန့်စွာ တွေ့ရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/39/3971fcd94170cfd9b1f8fa217a735414b0eddf41.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T