မိတ်လိုက်ခြင်း နဲ့ မျိုးပွားခြင်း နှစ်ခုစလုံး ရေထဲမှာ ပြုလုပ်ကြတဲ့ ရေမြင်းများ

//s9.kh1.co/28/28ea300c80891a4afe19bed532f89d07f74ae874.jpg
MPT

 ၂၉-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၆ ရက် က

မိတ်လိုက်ခြင်း နဲ့ မျိုးပွားခြင်း နှစ်ခုစလုံး ရေထဲမှာ ပြုလုပ်ကြတဲ့ ရေမြင်းများ

Hippopotamus ကတော့ Hippopotamidae မိသားစုမှာ ပါရှိတဲ့ မျိုးစိတ် နှစ်ခုအနက် တစ်ခုဖြစ်ပြီး အာဖရိကဆာဟာရအောက်ပိုင်းရှိ ကြီးမားတဲ့ နို့တိုက်သတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ နာမည်မှာ ရှေးဂရိဘာသာစကား မှ ဆင်းသက်လာပြီး မြန်မာလိုဆိုရင်တော့ ရေမြင်း လို့ ခေါ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅ သန်းကတာ်းက ကွဲပြား တည်ရှိခဲ့ပြီး မာကျောတဲ့ စည်ပုံသဏ္ဍာန် ကျောရိုး ၊ ကြီးမားတဲ့ သွားစွယ်ကြီး ၊ ကျယ်ဝန်းတဲ့ ပါးစပ် ၊ အမွေးမရှိတဲ့ ကိုယ်ထည် နဲ့ ခြေထောက်တို့ ပါရှိကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ ရေမြင်းအထီးတစ်ကောင်ဟာ ပျမ်းမျှ ၁၅၀၀ ကီလိုဂရမ် ( ၃၃၀၀ ပေါင် ) အလေးချိန်ရှိပြီး ရေမြင်းအမတွေကတော့ ၁၃၀၀ ကီလိုဂရမ် ( ၂၉၀၀ ပေါင် ) ဝန်းကျင် အလေးချိန်ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/3e/3edf20f771eb20e19a72f9c9311759b5d02b3905.jpg

နွားရိုင်းတစ်ကောင်နီးပါး အလေးချိန်ရှိတဲ့ Hippopotamus တို့ဟာ အတော်ကို ကြီးမားတဲ့ ကုန်းနေနို့တိုက်သတ္တဝါမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ ခန္ဓာကိုယ်ထုထည် နဲ့ ခြေတံတိုများ ပါရှိပေမယ့် ရေမြင်းတွေဟာ တစ်နာရီကို ၃၀ ကီလိုမီတာ နှုန်း ပြေးနိုင်တာ မထင်ထားစရာပဲ ဖြစ်ပါတယ်။ Hippo တွေဟာ ‌ရွံ့ နဲ့ ရေ ကြိုက်တဲ့ သတ္တဝါတစ်မျိုး ဖြစ်ပြီး မြစ်များ ၊ ရေကန်များ နဲ့ ဒီရေတောတွေမှာ နေထိုင်တတ်ကြပါတယ်။ အုပ်စုဖွဲ့ နေထိုင်လေ့ ရှိပြီး အုပ်စုတစ်စုကို အကောင်ရေ ၅ ကောင်မှ ၂၀ ကောင်အထိ အဖွဲ့လိုက် နေထိုင်ကြပါတယ်။ Hippo တွေဟာ ရန်လိုတတ်ပြီး သူတို့ရဲ့ စိတ်ကို ခန့်မှန်းမရတာကြောင့် ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး တိရစ္ဆာန်ထဲက တစ်ကောင်အပါအဝင်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/a2/a20abdaa48a9da1876e91b12c7dc785b151fdad3.jpg

ရေမြင်းတွေဟာ နေ့ခင်းဘက်မှာ အပူဒဏ်ကြောင့် ရွံ့နွံ့ သို့မဟုတ် ရေထဲမှာ နေထိုင်လေ့ရှိပြီး ညအချိန်မှာတော့ ကုန်းမြေပေါ်ပြန်တက်လာကာ ကျက်စားကြပါတယ်။ ထူးခြားစွာ Hippo တွေဟာ မိတ်လိုက်ခြင်း နဲ့ မျိုးပွားခြင်း နှစ်ခုစလုံးကို ရေထဲမှာ ပြုလုပ်ကြတဲ့ ရေမြင်းမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ရှေးခေတ်တွေမှာ Hippo တွေရဲ့ အသား နဲ့ အစွယ်တို့ကို လူတို့ စားသုံးရန် ၊ အလှဆင်‌ဝတ်ဆင်ရန် အသုံးပြုလာခဲ့တာကြောင့် လက်ရှိမှာတော့ အကောင်အရေအတွက် အနည်းငယ်သာ ကျန်ရှိပါတော့တယ်။ ဒါကြောင့် တန်ဖိုးကြီးတဲ့ အစွယ် နဲ့ အသားတို့ကြောင့် စည်းကမ်းမဲ့ သတ်ဖြတ်မှု များစွာ ရှိခဲ့တဲ့ Hippopotamus တွေကို မျိုးတုန်းပျောက်ကွယ် မသွားအောင် စနစ်တကျ ပြန်လည် မွေးမြူမျိုးပွားဖို့ လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c7/c74738abe468c9bebdf538ec026c4cd85a76e10c.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T