နွေပူပူကို စတော်ဘယ်ရီသီးဖျော်ရည်လေးနဲ့ အံတုကြရအောင်

//s9.kh1.co/c5/c5f2079407a7f047449e0328ef1867847416738e.jpg
MPT Lifestyle

 ၂၉-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော တစ်နှစ် က

နွေပူပူကို စတော်ဘယ်ရီသီးဖျော်ရည်လေးနဲ့ အံတုကြရအောင်

ပူပြင်းတဲ့ နွေရာသီမှာ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ဖို့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး ရင်ထဲကို အေးမြသွားစေမယ့် စတော်ဘယ်ရီသီးဖျော်ရည်လေး သောက်ကြရအောင်

လွယ်ကူရိုးရှင်းတဲ့ စတော်ဘယ်ရီသီးဖျော်ရည်လေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေကတော့

၁။ စတော်ဘယ်ရီသီး

၂။ နို့ဆီ

၃။ သကြား

၄။ ရေခဲ တို့ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/cd/cd6720badfa5ef6ca65d5f9d85fd4d6b4917aba2.jpg

အရင်ဆုံး စတော်ဘယ်ရီသီးလေးတွေကို ရေစင်အောင် ဆေးလိုက်ပါမယ်။ စက်နဲ့ ဖျော်မှာ ဖြစ်တဲ့အတွက် ဖျော်စက်ကို အဆင်သင့် ထုတ်ထားလိုက်ပါမယ်။ စတော်ဘယ်ရီသီးကို နှစ်ခြမ်းခြမ်းပြီး ဖျော်စက်ထဲ ထည့်လိုက်ပါမယ်။ နို့ဆီ ၂ ဇွန်း ထည့်ပါမယ်။ သကြားကို ရေနွေးနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ထားပါမယ်။ အအေးခံပြီးတဲ့ သကြားရည် ၂ ဇွန်းကို ဖျော်စက်ထဲ ထည့်လိုက်ပါမယ်။ ပြီးရင်တော့ ရေ တစ်ခွက် ထည့်ပါမယ်။ အားလုံး ပြီးသွားပြီဆိုရင် ဖျော်စက် အဖုံးပိတ်ပြီး လှည့်လိုက်ပါမယ်။ စတော််ဘယ်ရီသီးတွေ ကြေသွားတဲ့ အထိ လှည့်လိုက်ပါမယ်။ အရသာ လေး တစ်ချက် မြည်းကြည့်ပါမယ်နော်။

https://s9.kh1.co/__image/w=650,h=342,q=100/60/6029ec56c8ce051385aae3b7f281b140cc8edd4b.jpg

ကိုယ် ကြိုက်တဲ့အရသာ အချို ၊ အချဉ်လေး လိုအပ်သလို ဖြည့်ပြီး ခဏ ပြန်မွှေလိုက်ပါမယ်။ ဒါဆိုရင်တော့ ချိုမြမွှေးအီနေတဲ့ စတော်ဘယ်ရီသီး ဖျော်ရည်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ဖန်ခွက်တစ်လုံးထဲ ရေခဲ ထည့်ပါမယ်။ ပြီးရင်‌တော့ စတော်ဘယ်ရီသီးဖျော်ရည်လေးကို လောင်းထည့်ပြီး ပိုမွှေးသွားအောင် စတော်ဘယ်ရီ juice အနှစ်လေး အနည်းငယ် ထည့်လိုက်ပါမယ်။ ‌ဖန်ခွက်ထောင့်မှာ စတော်ဘယ်ရီသီးစိတ်လေး တင်လိုက်မယ်ဆိုရင်ဖြင့် အရမ်းကို သောက်လို့ကောင်းတဲ့ စတော်ဘယ်ရီသီး ဖျော်ရည်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ‌နွေရာသီ နဲ့ လိုက်ဖက်ပြီး ကျန်းမာရေးအတွက် ကောင်းတဲ့ စတော်ဘယ်ရီသီးဖျော်ရည်လေးကို တစ်ခါလောက်တော့ သောက်ကြည့်ကြပါနော်။

https://s9.kh1.co/__image/w=650,h=342,q=100/f4/f4754f6e71b349593d7bca27e79df04c1b1fa78f.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

//s9.kh1.co/6d/6d73cb525a6d2d1f4fa35a70be935d8eb28ba7d2.jpg

လူသားတွေဟာ အင်္ဂါဂြိုလ်က စတင်လာတာဖြစ်ကြောင်းနှင့် ၂၀၂၄ မှာ ရေခဲတွေကြောင့် ကပ်ရောဂါဆိုးကြီးထပ်ပေါ်လာမယ်ဆိုတဲ့ TikTok ပေါ်က အချိန်ခရီးသွားတစ်ယောက်..

 ၂၄-မတ်-၂၀၂၃ 
 ၃pm · လွန်ခဲ့သော ၂ နှစ် က
မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T