ကြက်ဟင်းခါးသီးကို မခါးအောင် ဘယ်လိုကြော်ရမလဲ…?

//s9.kh1.co/6f/6fd64686ff85e7a160e5b6695f5778f3625cf207.jpg
MPT Lifestyle

 ၁၆-အောက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ကြက်ဟင်းခါးသီးကို မခါးအောင် ဘယ်လိုကြော်ရမလဲ…?

ကြက်ဟင်းခါးသီးက အခါးဓာတ်ပမာဏများတာကြောင့် ကြိုက်ကြတဲ့သူ နည်းပါတယ်။ ကြက်ဟင်းသီးကို စားချင်ပေမယ့် ခါးမှာလည်းကြောက်တဲ့ သူတွေအတွက် ဒီတစ်ခါမှာ အခါးသက်သာအောင် ဘယ်လိုကြော်ချက်ရမလဲဆိုတာကို မျှဝေသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/d9/d93bc487888b14acf2b30f610e89f0d173d18f44.jpg

ကြက်ဟင်းခါးသီးကို မခါးအောင် ကြော်မယ်ဆိုရင် အရင်ဦးဆုံး ကြက်ဟင်းခါးသီးကို ခပ်ပါးပါးလေးတွေလှီးကာ ဆားနှင့် နယ်ပြီး ၁၅ မိနစ်လောက် နှပ်ပေးထားရပါမယ်။ ထို့နောက် နှပ်ထားတဲ့ ကြက်ဟင်းခါးသီးတွေကို ရေ ၅ ခါ ၊ ၆ ခါ လောက် ဆေးကြောပြီး အရေမကျန်အောင်ညှစ်ထုတ်ပါ။

https://s9.kh1.co/__image/w=650,h=482,q=100/4f/4f961bcc34acd01079d2b37f3635a752688e96d0.jpg

ကြက်ဟင်းခါးသီး မကြော်ခင်မှာ လိုအပ်တဲ့ ကြက်သွန်(ဖြူ/နီ) တို့ကို ထောင်းထားပြီး အရသာပိုရှိအောင် ပုစွန်ခြောက်ကို ရေစိမ်ပေးထားရပါမယ်။ စပြီးကြော်တော့မယ်ဆိုရင် ကြက်သွန်(ဖြူ/နီ) တို့ကို ဆီခပ်များများနှင့် ဆီသတ်ပြီး ပုစွန်ခြောက်နှင့် ကြက်ဟင်းခါးသီးကိုထည့် ကြော်ပေးပါ။

https://s9.kh1.co/__image/w=650,h=366,q=100/76/76cda72a66d245911143da175d88330ac1b5b57a.jpg

သတိထားရမှာက ကြက်ဟင်းခါးသီးကို ဆီနှင့်ပဲ အိသွားအောင် ကြော်ရမှာပါ။ ရေထည့်မကြော်ရန် မလိုပါ။

ကြက်ဟင်းခါးသီးကို ဆီနှင့်ပဲ ကြော်ပြီး နူးအိလာပြီဆိုရင်တော့ အိုးချလို့ရပါပြီ။ ကဲ… ဒါဆိုရင် အရမ်းကြီးမခါးတဲ့ နူးနူးအိအိ အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟင်းတစ်ခွက်ကို စားသုံးလို့ရပါပြီနော်….။

သတင်း အရင်းအမြစ် Source – ZinGyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

//s9.kh1.co/6d/6d73cb525a6d2d1f4fa35a70be935d8eb28ba7d2.jpg

လူသားတွေဟာ အင်္ဂါဂြိုလ်က စတင်လာတာဖြစ်ကြောင်းနှင့် ၂၀၂၄ မှာ ရေခဲတွေကြောင့် ကပ်ရောဂါဆိုးကြီးထပ်ပေါ်လာမယ်ဆိုတဲ့ TikTok ပေါ်က အချိန်ခရီးသွားတစ်ယောက်..

 ၂၄-မတ်-၂၀၂၃ 
 ၃pm · လွန်ခဲ့သော ၂ နှစ် က
မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T