၂၇၁၄ က လာတဲ့ အချိန်ခရီးသွားသူအဖြစ် TikTok မှာ နာမည်ကြီးနေတဲ့လူတစ်ယောက်က ရေခဲထုတွေအရည်ပျော်ခြင်းက Virus တွေကို ဖြစ်စေပြီးတော့ နောက်ထပ်ကပ်ဆိုးကြီးပြန်ပေါ််လာမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် သိပ္ပံပညာရှင်တွေဟာ သက်တမ်း ၄၈၅၀၀ ရှိတဲ့ Virus တွေကို ရှာဖွေတွေ့ရှိခဲ့ရပြီးဖြစ်ပါတယ်။
ရေခဲတွေမှာတွေ့ရတဲ့ virus အများစုဟာ မျိုးပွားနေဆဲဖြစ်တာကြောင့် သူရဲ့သီအိုရီဟာ မှန်ကောင်းမှန်နိုင်တယ်လို့ယူဆထားကြပါတယ်။ ဒီသီအိုရီကို @theradianttimetraveller ဆိုတဲ့ TikTok အကောင့်မှာတင်ထားပြီး Follower 26000 ကျော်ရှိပါတယ်။ အကောင့်ပိုင်ရှင်အမည်ရင်းက Eno Alaric ဖြစ်ပြီး အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာတွေအကြောင်း အမြဲသတိပေးသူတစ်ယောက်ဖြစ်ပါတယ်။ သူက "ရေခဲထုထဲက Virus တွေကြောင့် ၂၀၂၄ မှာ ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်လာပြီး လူဦးရေ သန်းပေါင်း ၃၅၀ လောက် ရောဂါကူးစက်ခံရမယ်" လို့ ပြောခဲ့ပါတယ်။

Tiktok Vedio မှာ လာမယ့်နှစ်တွေအတွက် ဖြစ်ပျက်မယ့်အရာကိုပြောခဲ့တာဖြစ်ပါတယ်။ လူအချို့က သူ့ရဲ့စကားကို အံ့သြနေကြပြီး အချို့တွေက သူဟာအချိန်ခရီးသွားသူဖြစ်ကြောင်းသက်သေမပြနိုင်သလို အချိန်ခရီးသွားသူဆိုတာမရှိကြောင်း ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။ သူဟာ အချိန်ခရီးသွားသူ ဟုတ်၊ မဟုတ်ကို လာမယ့်နှစ်တွေအတွင်း သူ့ရဲ့ခန့်မှန်းချက်တွေက သက်သေပြသွားပါလိမ့်မယ်။ သူ့ရဲ့ခန့်မှန်းချက်တွေကို ကြည့်လိုက်ကြရအောင်။

၂၀၂၄ - အပေါ်မှာဖော်ပြထားတဲ့အတိုင်း ရေခဲထုထဲက Virus တွေကြောင့် ၂၀၂၄ မှာ ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်လာပြီး လူဦးရေ သန်းပေါင်း ၃၅၀ လောက် ရောဂါကူးစက်ခံရမယ်။
၂၀၂၅ - အင်္ဂါဂြိုလ်ပေါ် မှာ သိပ္ပံပညာရှင်တွေဟာ လူသားတွေရဲ့အရိုးကို တွေ့ရှိစမ်းသပ်ပြီး လူတွေဟာအင်္ဂါးဂြိုလ်က စတင်လာတာဖြစ်ကြောင်း သက်သေပြနိုင်မယ်။
၂၀၂၆ - သမိုင်းမှာ အကြီးမားဆုံးနေရောင်ခြည်ကလာတဲ့မီးတောက်ဟာ ကမ္ဘာမြေကို ရိုက်ခတ်မယ်။ အဲ့ရိုက်ခတ်မှုက တစ်ကမ္ဘာလုံးလျှပ်စစ်စွမ်းအားကို ခြောက်ပတ်ခန့် ပြတ်တောက်စေပါမယ်။
ဒီလိုခန့်မှန်းမှုတွေကို TikTok မှာ တော်တော်များများတွေ့ရပြီး အများစုက လူအများစိတ်ဝင်စားအောင်သက်သက်လုပ်ဆောင်ကြတာဖြစ်ပါတယ်။ ဒီခန့်မှန်းမှုက ယခုလတ်တလောမှာ နာမည်ကြီးနေပြီး သူ့ရဲ့ပြောပြချက် မှန်၊ မမှန် စောင့်ကြည့်ရမှာဖြစ်ပါတယ်။