ရော်ဘာနဲ့တူတဲ့ ခွာတွေ ပါရှိတဲ့ အာရေဗျက tahr မျိုးစိတ်

//s9.kh1.co/d1/d12ffbe0e9c5a5b60f0e8fe64798f79db7e32c57.jpg
MPT

 ၀၈-မေ-၂၀၂၄ ၆pm · လွန်ခဲ့သော ၁၁ ရက် က

ရော်ဘာနဲ့တူတဲ့ ခွာတွေ ပါရှိတဲ့ အာရေဗျက tahr မျိုးစိတ်

Arabian tahr လို့ လူသိများတဲ့ Arabitragus jayakari မျိုးစိတ်ကတော့ Arabitragus မျိုးးက ဆင်းသက်လာတဲ့ သိုးနဲ့ဆိတ်တို့ မျိုးရောထားတဲ့ Tahr မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အာရေဗျနိုင်ငံ အရှေ့ပိုင်းမှာ အဓိက တွေ့ရခဲ့တာကြောင့် အာရေဗျ tahr လို့ခေါ်တာပဲ ဖြစ်ပါတယ်။ Arabian tahr တွေဟာ tahr မျိုးကွဲတွေထဲမှာ အ‌သေးဆုံးမျိုးစိတ် တစ်မျိုးဖြစ်ပြီး လိင်နှစ်မျိုးစလုံးမှာ နောက်ပြန်ကွေးနေတဲ့ ချိုငယ် တို့ ပါရှိကြပါတယ်။ အမထက် အထီးက ပိုသန်မာတဲ့ မျိုးစိတ်ဖြစ်ပြီး အရွယ်ရောက်ပြီးတဲ့ Arabian tahr တွေဟာ မျက်လုံးဘေးမှ အဖြူရောင် အစင်းကြာင်း နှစ်ကြောင်းတို့ ပါရှိကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/c8/c8506b89d13d18bd971517f7927f566d0e52c69f.jpg

ခန္ဓာကိုယ်ရဲ့ အမွေးအရောင်မှာ အညိုနုရောင် သို့မဟုတ် အညိုရင့်ရောင် ရှိပြီး အသက်အရွယ်ကြီးတဲ့ အာရေဗျ tahr အထီးတွေမှာ အနက်ရောင် နှာတံ ရှိကြပါတယ်။ ‌ဒါအပြင် ကျောက်ဆောင် ၊ ကျောက်တန်း ၊ တောင်ကုန်းတွေကို ဟန်ချက်ညီညီ တက်နိုင်တဲ့ ရော်ဘာနဲ့တူတဲ့ ခွာတို့ ပါရှိကြပါတယ်။ Arabian tahr တွေကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၈၀၀ ( ၅၉၀၀၀ လက်မ ) ဝန်းကျင် ဖြစ်တဲ့ တောင်ကုန်း ‌၊ တောင်တန်းတွေမှာ တွေ့ရလေ့ ရှိပါတယ်။ ဒါအပြင် အခြား tahr မျိုးစိတ်တွေနဲ့မတူဘဲ ဒီ tahr တွေဟာ တစ်ကိုယ်တည်း သို့မဟုတ် မိသားစုလိုက် ‌၃ ကောင် ၊ ၄ ကောင် အစုငယ် တို့နဲ့ နေထိုင်တဲ့ tahr မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/30/3064438be0f65c74578bca2ed4e3df843ae51363.jpg

အဓိကအားဖြင့် မြက်များ ၊ ချုံပုတ်များ ၊ အသီးအနှံ တို့ကို စားသုံးကြပြီး ၂၀၁၈ ခုနှစ် စစ်တမ်းတွေအရ အကောင်ရေ ၂၀၀၀ ကျော်ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ တောင်ပေါ်မှာ နေတဲ့ ဆိတ်မျိုးစိတ်ဝင်တစ်မျိုး ဖြစ်တဲ့အပြင် ရေရရှိဖို့ လိုအပ်တာကြောင့် နှစ်ရက် သို့မဟုတ် သုံးရက်တစ်ကြိမ် ရေရှိရာ တောင်အောက်ကို ဆင်းပြီး သောက်သုံးကြရပါတယ်။ ဒီလိုနဲ့ Arabian tahr တွေဟာ အမဲလိုက်သူတွေကြား ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ စည်းကမ်းမဲ့ အမဲလိုက်မှု ၊ စားကျက်မြေတို့ ပျောက်ဆုံးမှုတို့ကြောင့် Arabian tahr အကောင်ရေများစွာ သေဆုံးခဲ့ရပြီး လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်ဖို့ အန္တာရာယ်အရှိဆုံး tahr မျိုးစိတ် တစ်မျိုး ဖြစ်လာပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/40/406479ea0ef6f789e0b7a3c4872ce42e75440799.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T