သွားမပါတဲ့ ‌ရှားပါး မိကျောင်းတူငါး

//s9.kh1.co/5b/5b9a86e649cb310d6df1463c8ecadc03bbc41fc0.jpg
MPT

 ၂၆-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်နှစ် က

သွားမပါတဲ့ ‌ရှားပါး မိကျောင်းတူငါး

Lake sturgeon လို့ခေါ်တဲ့ ‌မိကျောင်းတူငါးကတော့ မြောက်အမေရိကသမပိုင်းက ရေချိုငါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ Sturgeon မျိုးစိတ်ပေါင်း ၂၅ မျိုးထဲက တစ်မျိုးဖြစ်ပြီး ရှည်လျားတဲ့ နှာတံနဲ့ မိကျောင်းကိုယ်လို အရေပြားမာတို့ ပါရှိတာကြောင့် ထင်ရှားပါတယ်။ ထူးခြားစွာ သွားများမပါရှိတာကြောင့် ပျော့ပျောင်းပြီး မြိုချရ လွယ်ကူတဲ့ အစားအစာများကို စားကာ အကောင်လိုက်စားတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ရှည်လျားတဲ့ နှာရိုးရဲ့ အောက်မှာ ပါးစပ်ကို ဖွက်ထားသဏ္ဍာန် ရှိပြီး နှုတ်ခမ်းများအနီးမှာ အရသာခံအဖုလေးများ ပါရှိကြပါတယ်။ အင်းဆက်များ ၊ ငါးသားလောင်းပေါက်များ ၊ သန်ကောင် ၊ တီကောင်များအပါအဝင် အခြား ကျောရိုးမဲ့ရေနေသတ္တဝါလေးများကို စားသုံးလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ba/ba6242fcbd80ac82c19231f2cc41aabfc7437383.jpg

Lake sturgeon တွေဟာ ရေချိုငါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့အပြင် အခြား ရေချိုငါးတွေထက် အရွယ်အစား ပိုကြီးပြီး အရှည် ၇ ပေခွဲ ( ၂.၂ မီတာ ) နဲ့ ၂၄၀ ပေါင် ( ၁၀၈ ကီလိုဂရမ် ) ထိ ရှိကြပါတယ်။ ပင်လယ်ကြမ်းပြင် ရေအောက် အနက်ပိုင်းတွေမှာ နေထိုင်လေ့ရှိပြီး အသက်ရှည်ရှည် နေနိုင်တဲ့ ရှားပါးငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Lake sturgeon အထီးတွေကတော့ ပျမ်းမျှအားဖြင့် ၅၅ နှစ် ထိ နေနိုင်ပြီး ငါးအမတွေကတော့ နှစ် ၈၀ မှ ၁၅၀ နှစ် အထိကို နေနိုင်ကြပါတယ်။ ဥများပေါက်ဖို့ ၈ ရက်မှ ၁၄ ရက်ထိသာ ကြာတဲ့ Lake sturgeon တွေရဲ့ ဘဝသက်တမ်းကတော့ လူဘဝသက်တမ်းလောက်ထိကို ရှင်သန်နိုင်တာပဲ ဖြစ်ပါတယ်။ Lake sturgeon တို့ရဲ့ အသား နဲ့ ဥ ဟာ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ‌တန်ဖိုးကြီးတာကြောင့် စီးပွားဖြစ် ငါးဖမ်းသမားတို့ရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/8d/8d1a9924d1157a0aebbcfc6dedb2f29919d7fd3b.jpg

ခန္ဓာကိုယ်ကို အရိုးနုများနဲ့ ဖွဲ့စည်းထားတဲ့အပြင် သွားများပါ မပါရှိတဲ့ Lake sturgeon တွေဟာ သူတို့ရဲ့ ထူးခြားတဲ့ နှာတံကြောင့် ငါးဖမ်းကိရိယာများထဲ အလွယ်တကူ ဝင်ရောက်သွားတတ်တာ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ ဒါအပြင် ရေထုညစ်ညမ်းမှု ၊ ရာသီဥတုဖောက်ပြားမှု ၊ လူတွေရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးမှုတွေကြောင့် Lake sturgeon အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပြီး သားပေါက်နှုန်းမြန်တဲ့ Lake sturgeon ‌ငါးတွေဟာ လက်ရှိမှာတော့ ကမ္ဘာပေါ်က အရှားပါးဆုံး ငါးမျိုးစိတ်ထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် စနစ်တကျ ပြန်လည် မွေးမြူစောင့်ရှောက်ရမယ့် ထူးထူးခြားခြား ငါးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/99/99a7ac8dd94b99eb3e5c45078cb61db6fe628c22.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T