မြေခွေးနဲ့တူပြီး လူ‌ကြောက်တဲ့ အမေဇုန်တောက နားရွက်တိုခွေး

//s9.kh1.co/dc/dcb7720ec7eb8723b262afd02076d010143ab4d0.jpg
MPT

 ၂၆-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်နှစ် က

မြေခွေးနဲ့တူပြီး လူ‌ကြောက်တဲ့ အမေဇုန်တောက နားရွက်တိုခွေး

သိပ္ပံနာမည် Atelocynus microtos လို့ခေါ်တဲ့ နားရွက်တိုခွေးတွေဟာ အမေဇုန်မြစ်ဝှမ်းတစ်လျှောက်မှာ ရှိပြီး ထူးခြားကာ တွေ့ရခဲတဲ့ မြေခွေးနဲ့ စပ်တဲ့ တောခွေးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ နားရွက်တိုခွေးတွေကို တောင်အမေရိကရဲ့ အမေဇုန်မိုးသစ်တောဒေသ ၊ ဘရာဇီး ၊ ဘိုလီးဗီးယား ၊ ပီရူး ၊ ကိုလံဘီယာ ၊ အီကွေဒေါ နဲ့ ဗင်နီဇွဲလား တို့မှာ တွေ့နိုင်ပါတယ်။ သစ်တောများ အပြည့်ဖုံးလွှမ်းထားတဲ့ မိုးသစ်တော ပတ်ဝန်းကျင် အစိတ်အပိုင်း အမျိုးမျိုးဖြစ်တဲ့ မြေနိမ့်သစ်တော ၊ အပူပိုင်းစိုစွတ်သစ်တော ၊ စိမ့်တော ၊ ဝါးတော နဲ့ တိမ်တိုက်တော လို့ခေါ်တဲ့ အမြဲတစေ စိုစွတ် မြူဆိုင်းနေတဲ့ သစ်တောတွေမှာ နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/1b/1bce1cc9dc2b24c160be3078cfc3ad380247ba0e.jpg

ဒီ နားရွက်တိုခွေးတွေဟာ လူသူကင်းဝေးတဲ့ တောနက်တွေမှာ နေထိုင်လေ့ရှိပြီး တစ်‌ကိုယ်တည်း နေထိုင်ကာ မြေနေရာ ၊ သားကောင်ပေါများမှု အပေါ်မူတည်ပြီး အမြဲတစေ ပြောင်းရွေ့နေထိုင်တတ်ပါတယ်။ မြေခွေး နဲ့ တူတဲ့ အမြီး ပါရှိပြီး လုံးဝန်းတဲ့ နားရွက်တိုတို ရှိကာ တစ်ချက်ချက် ခွေး နဲ့ပဲ ပိုပြီး ဆင်တူပါတယ်။ ဘဲခြေထောက်လို ခြေတံများ ပါရှိတာကြောင့် တော်ရုံ ရေမနစ်တဲ့ နားရွက်တိုခွေးတို့ဟာ အသားစားသတ္တဝါ တစ်မျိုးဖြစ်ပြီး ငါးများ ၊ အင်းဆက်များ ၊ ‌နို့တိုက်သတ္တဝါငယ်များကို အဓိကစားသုံးကြပါတယ်။ အနက်ရောင် မှ မီးခိုးရောင် ၊ ကော်ဖီညိုရောင် ၊ သစ်အယ်သီးရောင် အထိ အမွေးအမျိုးမျိုး ရှိပြီး အလယ်အလတ်ကြီးတဲ့ တောခွေးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/29/291512be6c919aa22447ceaba6118addaf0953ef.jpg

နားရွက်တိုခွေးအမတွေဟာ အထီးတွေထက် သုံးပုံတစ်ပုံ ပိုကြီးကြပြီး သူတို့ရဲ့ ဘဝသက်တမ်း နဲ့ ကိုယ်ဝန်ကာလကိုတော့ မသိကြရသေးပါဘူး။ လူတွေကို ရှောင်ပုန်း နေတတ်တဲ့ နားရွက်တိုခွေးတို့ရဲ့ အကောင်အရေအတွက်ကို အတိအကျ မသိရပေမယ့် ခွေးရူးပြန်ရောဂါ လို ရောဂါပျံ့နှံ့မှု ဖြစ်ခဲ့တာကြောင့် နားရွက်တိုခွေး များစွာ သေဆုံးခဲ့ရဖူးပါတယ်။ လက်ရှိမှာတော့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် မျိုးစိတ် အဖြစ် သတ်မှတ်ခံထားရပြီး မျိုးရိုး‌ဗီဇ နဲ့ သူတို့ရဲ့ အကြောင်းကျယ်ကျယ်ပြန့်ပြန့်ကိုတော့ မသိရသေးဘူး ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T