ဖားပါးစပ် နဲ့ မျိုးသုန်းပျောက်ကွယ်တော့မယ့် ငှက်မျိုးစိတ်

//s9.kh1.co/dd/dd1e87ea074f4912fb2838fc28854f9268df8382.jpg
MPT

 ၂၅-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ ရက် က

ဖားပါးစပ် နဲ့ မျိုးသုန်းပျောက်ကွယ်တော့မယ့် ငှက်မျိုးစိတ်

Large frogmouth ငှက်ကတော့ သိပ္ပံနာမည် Batrachostomus auritus လို့ခေါ်ပြီး Podargidae မျိုးရင်းမှာ ရှိတဲ့ ငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဘရူနိုင်း ၊ အင်ဒိုနီးရှား ၊ ‌မလေးရှား ၊ ထိုင်းနိုင်ငံတို့ရဲ့ အပူပိုင်းဒေသ သို့မဟုတ် စိုစွတ်သော မြေနိမ့်ပိုင်း သစ်တောတွေမှာ တွေ့ရလေ့ ရှိပါတယ်။ Large frogmouth ငှက်တို့ဟာ သူတို့ရဲ့ မျိုးရင်းဝင်ငှက်တွေထက် သိသိသာသာပိုကြီးကြပြီး အရှည် ပျမ်းမျှ ၄၂ စင်တီမီတာ ( ၁၇ လက်မ ) ခန့်အထိ ကြီးထွားကြပါတယ်။ လိင်နှစ်မျိုးစလုံး ပုံသဏ္ဍာန် ဆင်တူရှိပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အဓိကအားဖြင့် သစ်အယ်သီးရောင် သို့မဟုတ် အညိုရင့်ရောင် နဲ့ အဖြူ အစက်အပြောက်တို့ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/de/de6a19e992fa26422b35e27946f4bbd7fa0d02d6.jpg

အများအားဖြင့် သစ်ပင်တို့ကြားမှာ ပုန်းကွယ်နေတတ်ပြီး သားကောင်တွေကို တောတွင်းကိုယ်ပျောက်တိုက်လေယာဉ်လို ချုံခိုတိုက်ခိုက်စားလေ့ ရှိပါတယ်။ ပါးစပ်ဟာ ကြီးမားတဲ့ ဖားပါးစပ်လို ဖြစ်နေတာကြောင့် Large frogmouth ငှက်လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ Large frogmouth တို့ရဲ့ ဦးခေါင်းဟာ အုန်းသီး ပုံသဏ္ဍာန်ရှိပြီး နက်မှောင်စူးရှတဲ့ မျက်လုံးတောက်တောက်တို့ ပါရှိကြပါသေးတယ်။ ဒါအပြင် ခြေထောက်မှာ အဝါရောင် တောက်တောက်ရှိပြီး အမြီးပိုင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်းထက် တဖြည်းဖြည်း အရောင်ဖျော့ဖျော့သွားပါတယ်။ အညိုရောင် စူးရှတဲ့ မျက်လုံးတို့ ပါရှိပြီး မြေနိမ့်ပိုင်း မှ ‌မီတာ ၂၅၀ နဲ့ ၁၀၀၀ ကြားမြင့်တဲ့ တောင်ပေါ်ပိုင်းထိ တွေ့ရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/2d/2daba7ba6113919644fe6e35f819f42d331b77fd.jpg

အင်းဆက်ပိုးမွှားတွေကို အဓိကစားသုံးကြပြီး နေ့ဘက်မှာ အိပ်လေ့ရှိကာ ညဘက်မှာ အစာရှာထွက်တဲ့ ငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ သားသမီးကို သိတဲ့ ဒီငှက်တွေဟာ သူတို့ရဲ့ သားသမီးတွေကို ဝမ်းဗိုက်အလယ်မှာ ထားကာ ကာကွယ်စောင့်ရှောက်တတ်ပါတယ်။ Large frogmouth ငှက်တွေဟာ လူသူကင်းတဲ့ တောနက်ထဲမှာ နေထိုင်ကြတာကြောင့် တွေ့ရခဲယဉ်းတဲ့ ရှားပါးငှက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ဦးခေါင်း ၊ နှုတ်သီး နဲ့ အမွေးတောင်အရောင်တို့ကြောင့် လူစိတ်ဝင်စားမှု များပြီး ဖမ်းဆီးမှုတွေကြောင့် Large frogmouth ငှက် များစွာ သေဆုံးခဲ့ရပြီး လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် သားသမီးကို ကာကွယ်‌တတ်တဲ့ Large frogmouth သားမိကို တွေ့ခဲ့ရင် ဘေးကင်းရာ လွှတ်ပေးဖို့ မမေ့ပါနဲ့နော်။

https://s9.kh1.co/__image/w=650,h=342,q=100/9f/9f6206ac5104f9c1455229bbf02d7df563e26f53.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T