မျိုးသုန်းပျောက်ကွယ်တော့မဲ့ လူရွှင်တော်ကြက်တူရွေးမျိုးစိတ်

//s9.kh1.co/cc/ccc54e8aa8ddec7a135f120c58f33b67160f1640.jpg
MPT

 ၂၅-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

မျိုးသုန်းပျောက်ကွယ်တော့မဲ့ လူရွှင်တော်ကြက်တူရွေးမျိုးစိတ်

အပြာရောင်လော်ရီကတ် ကြက်တူရွေးတွေကို Blue Lorikeet လို့ ခေါ်ပြီး French ၊ Polynesia နဲ့ Cook Island တို့မှာ တွေ့ရကာ သေးငယ်တဲ့ lorikeet ကြက်တူရွေး မျိုးစိတ်တစ်ခု ဖြစ်ပါတယ်။ သိပ္ပံနာမည် Vini peruviana လို့ခေါ်ပြီး မဲနယ်လော်ရီ ငှက်လို့လည်း ခေါ်ကြပါတယ်။ မဲနယ်လော်ရီတို့ရဲ့ အမွေးတောင်တွေဟာ အဓိကအားဖြင့် နက်ပြာရောင် ရှိပြီး သူတို့ရဲ့ ရင်ဘတ်ပိုင်း ၊ လည်ချောင်း နဲ့ မျက်နှာအနည်းငယ်တို့မှာ အဖြူရောင် ရှိပါတယ်။ လိမ္မော်ရောင် နှုတ်သီးတို့ ပါရှိပြီး အရွယ်အစားမှာ ၁၈ စင်တီမီတာ ဝန်းကျင်သာရှိတဲ့ အသေးဆုံး ကြက်တူရွေး မျိုးစိတ်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/8f/8f009dc5393233c7b8b79710b46e69e78e9e44eb.jpg

Lorikeet မျိုးစိတ်တွေကို ကြက်တူရွေးကမ္ဘာရဲ့ လူရွှင်တော်‌များလို့ မကြာခဏ ညွှန်းတတ်ပြီး အပြာရောင် လောရီကတ်တွေဟာ စူးစမ်းလိုစိတ်ရှိတဲ့ ချစ်စရာ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ အစုလိုက် ‌သစ်ပင် သစ်ကိုင်းတို့မှာ နေထိုင်တတ်ကြပြီး အလေးချိန်မှာ ၃၁ မှ ‌၃၄ ဂရမ်ဝန်းကျင်သာ ရှိပါတယ်။ ငှက်ငယ်များ ၊ ပန်းဝတ်ရည်များ ၊ အင်းဆက်များ နဲ့ မြေပြင်က တွားသွားသတ္တဝါငယ်တို့ကို အဓိက စားသုံးလေ့ရှိပြီး အပြာရောင် Lorikeet တစ်ဖွဲ့လျှင် ၁၀ ကောင်ထက်မနည်း စုစည်း နေထိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ၁‌၅ နှစ်မှ ၃၀ နှစ်ကြား ရှင်သန်ကြပြီး သစ်တောများမှာ ၃၂ နှစ်ထိ ရှင်သန်နိုင်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/91/9151a10879c1e81354c84bb9675d4befb113e854.jpg

အုန်းသီး နဲ့ ငှက်ပျောသီးတို့ကို အထူး ကြိုက်နှစ်သက်တဲ့ အပြာရောင် Lorikeet ကြက်တူရွေးတွေဟာ အချင်းချင်း ဆက်သွယ်ဖို့ ထူးထူးခြားခြား " tse -tee-teet " ဆိုတဲ့ အသံများကို ထုတ်လွှတ်လေ့ရှိပါတယ်။ ဝမ်းနည်းစရာကတော့ ကြွက် နဲ့ အချို့သော တိရစ္ဆာန်တွေဟာ အပြာရောင် Lorikeet ကြက်တူရွေးတို့ရဲ့ ဥတွေကို စားသုံးသွားတတ်တာကြောင့် သူတို့ဟာ တောင်ပစိဖိတ်ဒေသမှာ အထိခိုက်နိုင်ဆုံး ကုန်းငှက်ငယ်မျိုးစိတ် ဖြစ်လာပါတယ်။ လူတွေနဲ့ လိုက်လျောညီထွေ နေတတ်ပြီး စပ်စုတဲ့ အပြာရောင် လောရီ ကြက်တူရွေးလေးတွေဟာ လက်ရှိမှာတော့ ကာကွယ်စောင့်ရှောက်ရမယ့် ကြက်တူရွေးမျိုးစိတ်လေး တစ်မျိုးပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T