အဆိုတော်ပတ်ဘိုရမ်ဟာ Super Star K ကနေပြီးနာမည်ကြီးလာတဲ့ တစ်ကိုယ်တော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီးဒရာမာဖြစ်တဲ့ Reply 1988 ရဲ့အဓိကဇာတ်ဝင်တေးကိုပါသီဆိုခဲ့ပြီးတော့ နာမည်ကြီးသီချင်းအများစုကိုထုတ်ဝေထားတာဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=540,h=810,q=100/42/42a358c049beb0443018e90eae1484ca6387b6e6.jpg](https://s9.kh1.co/__image/w=540,h=810,q=100/42/42a358c049beb0443018e90eae1484ca6387b6e6.jpg)
သူမဟာ ပွဲဦးထွက်ဆယ်နှစ်ပြည့်ဖျော်ဖြေပွဲပြင်ဆင်နေရင်းနှင့် အခုလိုရုတ်တရက်သေဆုံးသွားတာဖြစ်ပါတယ်။ ရဲဖက်ကထုတ်ပြန်ချက်အရ ပတ်ဘိုရမ်ဟာ သူငယ်ချင်းတစ်ယောက်အိမ်မှာ အတူသောက်နေရင်းရေချိုးခန်းထဲဝင်သွားရာကနေပြန်မထွက်လာတာကြောင့် သွားကြည့်ရာမှာလဲကျနေတာလို့သိရပါတယ်။
![https://s9.kh1.co/__image/w=510,h=400,q=100/09/093c6404d98fd3f79dc6bd282da50169401e336e.jpg](https://s9.kh1.co/__image/w=510,h=400,q=100/09/093c6404d98fd3f79dc6bd282da50169401e336e.jpg)
သိသိချင်းအရေးပေါ်ကားကိုခေါ်ပြီး CPR လုပ်ပေးခဲ့ပေမဲ့ ဆေးရုံမရောက်ခင်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သေဆုံးရခြင်းအကြောင်းရင်းကိုတော့ အခုချိန်ထိစစ်ဆေးနေဆဲဖြစ်ပြီး ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ပတ်ဘိုရမ်ဟာ နာမည်ကြီးမင်းသားဖြစ်တဲ့ ဆိုးအီဂေါက်နှင့်လည်း နှစ်နှစ်တာချစ်သူတွေအဖြစ်လက်တွဲခဲ့ပါသေးတယ်။ သေဆုံးချိန်မှာသူမဟာ အသက် ၃၀ ပဲရှိနေသေးတာဖြစ်ပါတယ်။
May she rest in peace.