ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး ကျွန်း ၃ ကျွန်း

//s9.kh1.co/6d/6d4435d0823bf23deb6aaa076dbd8254ca584768.jpg
MPT

 ၁၂-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၉ ရက် က

ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး ကျွန်း ၃ ကျွန်း

၁။ Whakaari ( white island ) ၊ နယူးဇီလန်

ပင်လယ်မျက်နှာပြင်ထက် ပေ ၁၀၀၀ ကျော်မြင့်တဲ့ ကြမ်းတမ်းတဲ့ ကျောက်ဆောင် ၊ ချောက်ကမ်းပါးတွေနဲ့ ဖွဲ့စည်းထားတဲ့ white island ကတော့ ပင်လယ်ရေပြင်ရဲ့ အလယ်မှာ တည်ရှိနေပါတယ်။ ဒီကျွန်းဟာ ကျွန်းရဲ့ အလယ်ဗဟိုက ထွက်နေတဲ့ မီးခိုးငွေ့တွေအရ အလယ်မှာ ကြီးမားတဲ့ မီးတောင်တစ်ခုရှိနေတယ်လို့ ဆိုရပြီး နယူးဇီလန်ရဲ့ အထူးခြားဆုံးမီးတောင် လို့ ယူဆရပါတယ်။ White island ကို လေ့လာဖို့ မကြာခဏ လူများသွားရောက်တတ်ကြပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ အထင်မှတ်ထားတဲ့ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် ကျွန်းကို စူးစမ်းလေ့လာဖို့ ရောက်ရှိနေသူ ၂၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့ကြောင့် White island ဟာ ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/fa/fa6b7e69bbd7de43542dd96127b5bb6ccdb16f1c.jpg

၂။ ကိုမိုဒိုကျွန်း ၊ အင်ဒိုနီးရှား

Komodo နဂါးတွေ အများဆုံးရှိတဲ့ အင်ဒိုနီးရှားက ဒီကျွန်းကိုတော့ ကိုမိုဒို‌ကျွန်းလို့ ခေါ်ပါတယ်။ ကိုမိုဒိုနဂါးတွေဟာ ကြီးမားတဲ့ အရွယ်အစားနဲ့ ချွန်ထက်နေတဲ့ သွား တို့ ပါရှိကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ ကိုမိုဒိုတစ်ကောင်ဟာ အရှည် ၁၀ ပေအထိ ရှည်ကြပြီး ‌သားကောင်ကို အနံ့ခံဖို့ ထူးချွန်တဲ့ လျှာချွန်တွေရှိကြပါတယ်။ ဒါ့အပြင် ကိုမိုဒိုကောင်‌မှာ အဆိပ်ရှိတဲ့ တံတွေးလည်း ပါဝင်တာကြောင့် အတော်ကို အန္တာရာယ်များတဲ့ တိရစ္ဆာန်ပဲ ဖြစ်ပါတယ်။ မျောက် ၊ သမင် ၊ တောဝက် နဲ့ ဆိတ် တို့လို အကောင်တွေကို စားပေမယ့် တစ်ခါတစ်ရံ ကျွန်းရှိ လူသားတွေကိုပါ တိုက်ခိုက်စားသုံးဖို့ ဝန်မလေးကြပါဘူး။ ရန်လိုတတ်တဲ့ စိတ် ၊ ကြမ်းတမ်းတဲ့ အသွင်အပြင် နဲ့ ကိုမိုဒိုကောင်တွေကြောင့် သေဆုံးခဲ့တဲ့ လူ‌အများအပြားရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုမိုဒိုကျွန်းဟာ ရက်စက်ကြမ်းတမ်းတဲ့ သားရဲတွေပေါများတာကြောင့် မသွားသင့်တဲ့ ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/7e/7e0081fca351210ff9582625fd9131097ebdf23b.jpg

၃။ IIha da Queimada ( မြွေကျွန်း ) ၊ ဘရာဇီး

မြေကျွန်းကတော့ ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး ကျွန်းထဲက မပါမဖြစ်ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။ ဘရာဇီးကမ်းရိုးတန်းက ၁၀၆ ဧက ကျယ်တဲ့ ဒီကျွန်းဟာ သားရဲတိရစ္ဆာန်တွေ ပေါများမယ်ဆိုတာကတော့ ဧကန်မလွဲပါပဲ။ ဒါ့အပြင် ဒီမြွေကိုက်လိုက်တာနဲ့ တစ်နာရီအတွင်း အသားတွေ အရည်ပျော်ပြီး သေစေနိုင်တဲ့ အလွန်အဆိပ်ပြင်းတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ရွှေရောင်လှံခေါင်းမြွေ တွေလည်း အမြောက်အများရှိ‌ပါတယ်။ ကျွန်းရဲ့ ပတ်ပတ်လည်ရေပြင် နဲ့ ကုန်း‌မြေပြင်တွေမှာ အဆိပ်ရှိတဲ့ အမျိုးမျိုးသော မြွေများစွာ ရှိတဲ့အပြင် မြွေကျွန်းမှာသာ ကျန်ရှိတော့တဲ့ ကြောက်စရာအကောင်းဆုံး ရွှေရောင်လှံခေါင်းမြွေ ၂၀၀၀ မှ ၄၀၀၀ အထိ ရှိပါတယ်။ ဒဏ္ဍာရီတစ်ခုအရ ဒီမြွေတွေကို ရှေးက ပင်လယ်ဓားပြတွေကို သူတို့ရဲ့ ရတနာတွေကို ကာကွယ်ဖို့ ကျွန်းပေါ်ကို ထားရှိခဲ့တယ်လို့ ဆိုပါတယ်။ များပြားလှတဲ့ အဆိပ်ရှိမြွေတွေကြောင့် ဘရာဇီးအစိုးရဟာ မြွေကျွန်းကို သွားလာခွင့် ပိတ်ထားပါတယ်။ ဒါကြောင့် မြွေကျွန်းဟာ ကမ္ဘာ့အန္တာရာယ်အများဆုံး ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/3d/3d86c03779f30ddb59760fcb1c345ecda996a68a.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T