5 Generation မိန်းကလေးအိုင်ဒေါတစ်ယောက်ရဲ့သီချင်းကို အားပေးခဲ့တဲ့ BTS RM

//s9.kh1.co/d9/d98c6f5a411d4879636297d6fcf794298b470cf8.jpg
MPT Korea Celebrity

 ၁၁-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၃ လ က

5 Generation မိန်းကလေးအိုင်ဒေါတစ်ယောက်ရဲ့သီချင်းကို အားပေးခဲ့တဲ့ BTS RM

BTS အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ RM ဟာ သူ့ရဲ့ထူးခြားတဲ့သီချင်းစွမ်းရည် အတွေးအခေါ်နှင့် အရည်အချင်းတွေကြောင့်နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ RM ဟာ Underground Rapper ဘဝကနေ အိုင်ဒေါဖြစ်လာတာကြောင့် ပွဲဦးထွက်အစပိုင်းမှာ အတော်လေးဝေဖန်ခံရတာတွေရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/93/932a802632abf81fabda05be1872ec1cd1367922.webp

ဒါပေမဲ့ အဖွဲ့အဖြစ်အောင်မြင်လာပြီးနောက်ပိုင်းမှာ ဟာ လူသိပ်မသိတဲ့ အဆိုတော်တွေရဲ့သီချင်းကောင်းတွေကို မကြာခဏပရိုမိုးရှင်းဆင်းပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ မကြာသေးခင်က ဟာသူ့ရဲ့အင်စတာဂရမ်စတိုရီကနေတစ်ဆင့် 5 Generation မိန်းကလေးအိုင်ဒေါတစ်ယောက်ရဲ့သီချင်းကို တင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းဟာ Kiss of Life အဖွဲ့ဝင် Natty ရဲ့တစ်ကိုယ်တော်သီချင်း Supercoat ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1157,q=100/a1/a1fc43ce0c1799bf9f44e84936d09789783175c9.webp

အိုင်ဒေါတွေဟာ များသောအားဖြင့် ကုမ္မဏီမတူတဲ့တစ်ခြားအဖွဲ့တွေကို Support လုပ်ဖို့ဝန်လေးတတ်ကြပါတယ်။ အထူးသဖြင့် ဆန့်ကျင်ဖက်လိင်ဖြစ်တဲ့သူတွေရဲ့သီချင်းကို အခုလိုပေါ်တင်အားပေးတာမျိုးသိပ်မရှိပါဘူး။ ပရိတ်သတ်တွေကတော့ RM ရဲ့ဂျုနီယာတွေအပေါ်ထားတဲ့ စိတ်ထားကို ချီးကျုးနေကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/5d/5d7e2ed2a02bd6a6c3afa11348a971ec11393603.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T